Friday, December 07, 2012
အရောင်းပြခန်းများတွင် ပြည်ပမှကားမှာ ယူတင် သွင်း မှုများရှိနေသော် လည်းပြင်ပကားဈေး ကွက် တွင်မူ အရောင်းအ၀ယ်ငြိမ်သက်၍ အောက် ကားဈေးနှင့် စလစ်ဈေးနှုန်းများ လည်းကျဆင်း လျက်ရှိကြောင်း ကားဝယ် ရောင်းလုပ်ကိုင်သူများ က ပြောသည်။"ကားဈေးကွက် ကတော့ခါတိုင်း လို ခပ်အေးအေးပါဘဲ။ ပြင်ပ ကားဈေးကွက်တင် မဟုတ် ပါဘူး။ အရောင်းပြခန်းတွေ ရောဘဲ။ မိုင်ဒါကွင်း မှာ
လုပ်တဲ့ ကားပြပွဲ ကတော့ ထုံးစံအတိုင်း ကြည့်သူ ၀ယ်သူ နဲ့ သူအုပ်စု အလိုက် သွားနေကြတာပါဘဲ။ စလစ်ဈေးကတော့ကျလာပြီ"ဟု ၀ယ် ရောင်းလုပ် ကိုင်သူ ကိုဦးက ပြောသည်။
ကားဈေးကွက်အတွင်း ၀ယ်လက် နည်းသော်လည်း ရောင်းချသူများလာ ပြီး အောက်ကားဈေးနှင့် စလစ်ဈေးနှုန်းများမှာလည်း ကျပ် ၁၀ သိန်းမှ သိန်း ၂၀ ၀န်းကျင်ခန့်အထိဈေးကျ ဆင်းလာကြောင်း ၀ယ်ရောင်းများက ပြောသည်။
"အခုဆိုရင် ဈေးကွက်က ပြောင်းပြန် ဖြစ်သွားပြီ။ အရင်က ကားဝယ်ချင်တဲ့ သူက ကားကောင်းတစ်စီးရဖို့ အတော့် လေးကို ရှာရတယ်။ အခုတော့ ရောင်းချင်တဲ့သူက ပေါနေတာတောင်ဝယ်မယ့် သူက မရှိတဲ့အခြေအနေပါ။ ပြင်ပကား ဈေးကွက်ထဲမှာလည်း အရောင်းအ၀ယ် ကတော်တော်လေး အေးနေ တဲ့အတွက် ကြောင့် အလုပ်ပါးနေတဲ့ အခြေအနေမှာ အိမ်ခြံမြေ ဘက်ကို အလုပ်အကိုင်ပြောင်း လုပ်တဲ့ သူတွေရှိသလို နှစ်ခုလုံးတွဲပြီး အရောင်းအ၀ယ်လုပ်တဲ့ သူတွေလည်း ရှိလာပြီ။ အရင်လို ကားတစ်မျိုးတည်း ကို သီးခြားလုပ်ကိုင်ပြီး လုပ်လို့ရတဲ့စီးပွားရေး မဟုတ်တော့တဲ့အတွက်ကြောင့်၊ အိမ်ခြံမြေအကျိုးဆောင်ပါတွဲ လုပ်နေရ ပြီ"ဟုကားဝယ်ရောင်းလုပ်ကိုင်သူ ကိုကျော်စိုးက ပြောသည်။
ကားအရောင်းပြခန်းများမှ ကားတင် သွင်းမှုများလာခြင်းကြောင့် အရောင်း ပြခန်းများတွင်ယခင် က ရောင်းချသည့် နှုန်းထားများအောက်များစွာလျော့ချကာရောင်းချလာသဖြင့်ပြင်ပကား ဈေးကွက်နှ င့် နှိုင်း ယှဉ်ပါက အချို့ကား များသည်ပင်လျှင် ဈေးနှုန်းများစွာ လျော့၍ရောင်းချနေကြောင်းလည်း လုပ်ငန်းရှင်များ က ပြောသည်။
"ဈေးကွက်ထဲမှာ ရောင်းတဲ့သူရှိပြီး ၀ယ်တဲ့သူမရှိပဲ ဖြစ်နေတယ်။ ၀ယ်သူ တွေက အခွန်နဲ့ဆိပ် ကမ်းရောက် တန်ဖိုး တွေ လျော့မယ် ဆိုတဲ့သတင်းတွေ ကြောင့် အခွန်လျော့နိုးနိုးနဲ့စောင့်နေကြတာ။ သက်ဆိုင်ရာက ထုတ်ပြန်လိုက် တဲ့ ကြေငြာချက်အသစ်တစ်ခုပေါ်လာရင် အရောင်းအ၀ယ် အရင်လို ဖြစ်သွားမယ်။ အဓိကက အခွန်နဲ့ ဆိပ်ကမ်းရောက် တန်ဖိုးလျော့မယ်၊ မလျှော့ဘူးဆိုတဲ့ ကြေငြာချက်နဲ့ ဆိုင်မယ်ထင်ပါတယ်" ဟု ကားဝယ်ရောင်းဦးကြည်ညွန့်က သုံးသပ်သည်။
ဈေးကွက်အတွင်း အမြင့်ကားများမှာ ကျပ်သိန်း ၂၀ မှ ၂၅ သိန်းခန့် ဈေးနှုန်း ကျဆင်းခဲ့ပြီးအနိမ့်ကားများမှာမူ ကျပ် ၁၀ သိန်းဝန်းကျင်သို့ ဈေးလျော့ကျလျက် ရှိသည်။
"အမြင့်ကားဈေးတွေ ဈေးကျတာ ၀ယ်လိုအားနည်းတဲ့အတွက်ကြောင့်ဖြစ်ပြီး အနိမ့်ကားဈေးကျတာက အပ်ကားတွေ များတဲ့အတွက်ကြောင့်လို့ ထင်ပါတယ်။ လ၊အ၊ ဘ၊ ဗ အစရှိတဲ့ အက္ခရာကားတွေ က အခုဆိုရင် ကျပ်သိန်း ၇၀ နဲ့ ၈၀ ၀န်း ကျင်လောက်ဘဲဈေးပေါက်တော့တယ်။ စလစ်ဈေးကလည်း ကျပ်သိန်း ၈၀ အထက်လောက်ဘဲ ရှိတယ်။
နိုဝင်ဘာ လ ဒုတိယပတ် လောက်ကမှ ကျပ်သိန်း ၉၀ ကျော်ဖြစ်ပြီးတော့ တရိပ်ရိပ်နဲထိုးကျလာတာ"ဟု ကားဝယ်ရောင်း ဦးဝင်းကိုက ပြောသည်။
ကားဈေးကွက်တွင် ကားဟောင်း အပ်နှံသူများမှ ရရှိသည့် စလစ်များကို ကာလပေါက်ဈေးနှုန်း အတိုင်း ရောင်းချ ကာ လက်ရှိဈေးကွက်အတွင်း အသုံးပြု နေသည့် အက္ခရာအနိမ့် ကားသန့်များကို ရှာဖွေဝယ်ယူကြပြီး စလစ်ဈေးများမှာ လည်း ယခင်ဈေးနှုန်း ကျပ် ၉၃ သိန်း မှ သိန်း ၈၀ သို့ ကျဆင်းခဲ့ကာ စလစ်ဈေး ကျဆင်းမှုကြောင့် စလစ်အရောင်းအ ၀ယ် လုပ်ကိုင်သူများမူလ၀ယ်ယူထား သည့် အရင်းဈေးနှုန်းထက် ကျဆင်းမှု မရှိမီ ပြန်လည်ရောင်းချလာကြောင်းလည်း ၀ယ်ရောင်း လုပ်ငန်းရှင်များက
ပြောသည်။
တိုးဝေအောင်
Myanmar Times

No comments:
Post a Comment