ရန်ကုန်မြို့ ရှင်ပါကူ ဆေးရုံတွင် ဒီဇင်ဘာလ ၇ ရက်နေ့ကတည်းက
ဆေးကုသမှုခံယူနေသော စစ်တွေမြို့ နယ်မှ အဘ ဦးအောင်ကျော် ဝင်း+ အမိ ဒေါ်မ
လှသိန်းတို့၏သား ကျော်စိုးလင်း(ခ) လုံးလုံး အသက် (၂၇)နှစ်၊ မှတ်ပုံတင်အမှတ်
- ၁၁/ မဥန (နိုင်) ၀၆၇၃၈၈ သည် ဒီဇင်ဘာ ၉ ရက်နေ့၊ (၉) နာရီကျော် တွင်
သေဆုံးသွားကြောင်း သိရသည်။ယခုကဲ့သို့ သေဆုံးသွားခြင်းသည်
ဆရာဝန်များ၏ ကျန်းမာရေးဝန်ဆောင်မှု ညံ့ဖျင်းခြင်း၊ တာဝန်ယူမှု တာဝန်ခံမှု
မရှိသည့်အပြင် ငွေမျက် နှာ ကြည့်ပြီး ကုသနေမှုကြောင့် မသေသင့်ပဲ
သေဆုံး သွားရခြင်း ဖြစ်ကြောင်းကို ကျော်စိုးလင်း၏ သူငယ်ချင်းတစ်ဦးက "
အဲဒီနေ့က လုံးလုံးနေမ ကောင်းလို့ Taxi ငှါးပြီးတော့ ရှင်ပါကူဆေးရုံ ကို ၇
ရက်နေ့ ၈ နာရီခွဲမှာ ရောက်ပါ တယ်။ ဆရာဝန် ဒေါက်တာ သန်းဌေးမောင်က
စမ်းသပ်ပြီး တော့ ဆေး(၂) လုံးထိုးပြီး စားဆေးက ၃ လုံးတိုက်ပါတယ်။ ပြီးတော့
ဆရာ ဝန်က ဆေးရုံကြီး မဟုတ်ရင် နှလုံး အထူးကု ဆေးရုံကိုသွားရ မယ်လို့
ပြောပါတယ်။ နောက်နာရီ ဝက်လောက်ကြာတော့ ကျွန်တော်တို့က
အာရှတော်ဝင်ဆေးရုံကိုသွားဖို့အတွက်ဆေးရုံကားတစ်စီးလောက် စီစဉ်ပေးဖို့
ပြောတဲ့အချိန်မှာ သူက ဆေးရုံကားကို သုံးစရာမလိုဘူး။ Taxi ကားနဲ့ သွားရင်
ရတယ် ဆိုပြီး ပြောပါတယ်။ သူက လူနာအခြေအနေ ကို သိရက်သားနဲ့ တစ်ခြားဆေးရုံကို
လွှတ်တယ်။ အဲဒီအ ချိန် မှာ လုံးလုံးက အောက်ဆီဂျင်သွင်းထားရတဲ့ အခြေအနေ
ဖြစ်နေပါပြီ။တကယ် ဆိုရင် ဆေးရုံကကားနဲ့ သွားမှ အောက်ဆီဂျင်ဘူးကို တစ်
ခါတည်းသယ်နိုင်မှာကို ဒီအတိုင်းပဲ လွှတ်လိုက်တယ်။ အဲဒါနဲ့ဆေးရုံက နံနက် ၉ နာ
ရီကျော်မှာ ကားငှါးပြီး ထွက်လို့ ၃ မိနစ်လောက်ပဲ ကြာသေး တယ်။ လုံးလုံး
အမော ဖောက်လာလို့ ကားကို နောက်ပြန်လှည့်ပြီးတော့ရှင်ပါကူ ဆေးရုံကို
ပြန်ဝင်ပြေးရတယ်။ ဆေးရုံ ကို ရောက်ပြီးတော့ ၁ မိနစ်လောက်အကြာမှာ လုံးလုံး
အသက်မရှိတော့ပါဘူး။ ဒီနေရာမှာ ကျွန်တော့် အ မြင်ကတော့ ဆရာ တွေက လူနာအ
ခြေအနေကို ပိုသိရပြီးတော့ ကျန်းမာရေး ဝန်ဆောင်မှု ညံ့ဖျင်း မှု ကြောင့် ဖြစ်တယ်။
နောက်ပြီး တော့သူ တို့က ငွေမျက်နှာတစ်ခုတည်းကို ကြည့်ပြီးတော့ ဆေးကုတယ်။
ပြီးတော့ လူနာ တွေပေါ်မှာ တာဝန်ယူ မှု တာဝန်ခံမှု အရမ်းနည်းတယ်။ အုပ်
ချုပ်တဲ့လူတွေရဲ့ အားနည်း ချက်ကြောင့် ဆရာဝန်တွေက သောင်းကျန်း ချင်တိုင်း
သောင်းကျန်းနေကြတာ ဖြစ်ပါတယ်။ " ဟု သူ့၏ ခံစားချက် ကို ပြောပြ သည်။
မြန်မာနိုင်ငံတွင် ဆင်းရဲသော ကျေးလက်ဒေသများတွင် ဆေးရုံဆေးခန်းများ မရှိဆုံး ဖြစ်နေကြောင်း သိရသည်။ ထို့ကြောင့် နေမ ကောင်းဖြစ် လျှင် မြို့ပေါ်ကိုတက်ပြီး ဆေးကုသနေရပြီး ပိုက်ဆံမ တတ်နိုင်သော လူနာ များမှာ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝမ ရရှိပဲ ဆရာဝန် များ၊ သူနာပြုများ ၏ လျစ်လျူရှုမှုများကိုလည်း ခံနေရကြောင်း သိရသည်။ ထိုသို့ ဖြစ်နေရခြင်းသည် မြန်မာနိုင်ငံတွင် အုပ် ချုပ်သူများသည် အောက်ခြေ ပြည်သူလူထု များကို လျစ်လျူရှုထားခြင်းကြောင့် ဆရာဝန်များနှင့် သူနာပြုများက ယခုကဲ့သို့ ပြုမှုဆက် ဆံနေခြင်းဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment