Thursday, December 13, 2012

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရန်ကုန်တစ်ဖက်ကမ်း (ဒလဘက်ခြမ်း) နှင့် ရန်ကုန်မြစ်ကြေပိုင်း ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးများကို ဆက်လက်ဆောင်ရွက်ရန် လျာထား

Photo: ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရန်ကုန်တစ်ဖက်ကမ်း (ဒလဘက်ခြမ်း) နှင့် ရန်ကုန်မြစ်ကြေပိုင်း ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးများကို ဆက်လက်ဆောင်ရွက်ရန် လျာထား  
Wednesday, 12 December 2012

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရန်ကုန်တစ်ဖက်ကမ်း (ဒလဘက်ခြမ်း) နှင့် ရန်ကုန်မြစ်ကြေပိုင်း ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးများကို ဆက်လက်ဆောင်ရွက်ရန် လျာထားကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်၏ ပြောကြားချက်အရ သိရသည်။

"ကျွန်တော်တို့ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ
ဆောင်ရွက်နေသလိုပဲ ရန်ကုန်တစ်ဖက်ကမ်း နဲ့ရန်ကုန်မြစ်ကြေပိုင်း ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်ဖို့
အတွက် လျာထား ဆောင်ရွက်နေပါတယ်" ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ပြောပါသည်။

လက်ရှိတွင် ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ
ဆောင်ရွက်ရာတွင် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ် လေးခုအား လျာထား ဆောင်ရွက်လျက်ရှိသည်။

ယင်းလုပ်ငန်းစဉ်များမှာ ရန်ကုန်ဆိပ်ကမ်း၊ လမ်းမတော်နယ်မြေ (ရွာသစ်ချောင်းနှင့် စဥ့်အိုးတန်းကြား) တွင် နိုင်ငံတကာအဆင့်မီ
ပြည်တွင်းခရီးသွား ဆိပ်ကမ်းများ (Inland Port Ter-minal) အဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်ခြင်း၊ ဆူးလေဆိပ်ကမ်း တံတားအမှတ် ၁၊ ၂၊ ၃၊ ၄ တို့အား အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာနှင့် အထွေထွေ ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းအဖြစ် အဆင့်မြင့် ပြုပြင်တည်ဆောက်ခြင်း၊   ပန်းဆိုးတန်း-ဒလ ခရီးသည်တင် ဆိပ်ခံဗောတံတားအား အဆင့်မြင့် ခေတ်မီခရီးသည်တင် ဆိပ်ခံတံတား Modernized Passanger Terminal အဖြစ် ပြောင်းလဲတည်ဆောက်ခြင်း၊ ဗိုလ်တထောင်ဆိပ်ကမ်းရှိ ကမ်းပါးထိန်း ရေကာတံတိုင်းအား မြစ်ဘက်သို့ တိုးချဲ့တည်ဆောက်ခြင်း၊ ဆိပ်ခံဗောတံတားများအား အဆင့်မြင့်ပြုပြင် တည်ဆောက်ခြင်းနှင့် နောက်ခံမြေပေါ်တွင် အပန်းဖြေ အနားယူနိုင်ရေး
နေရာများနှင့် ဆိုင်ခန်းများ တည်ဆောက်ခြင်း စသည့် လုပ်ငန်းစဉ်များ
ဖြစ်ပါသည်။

ယင်းကဲ့သို့ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်ရာတွင် ရန်ကုန်ဘက်အခြမ်းနှင့် ရန်ကုန်တစ်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟခြင်း မရှိစေရန် ယခုကဲ့သို့ ရန်ကုန်တစ်ဖက်ကမ်း (ဒလဘက်ခြမ်း) နှင့် ရန်ကုန်မြစ်ကြေပိုင်း ဆိပ်ကမ်းဖွံ့ဖြိုး တိုးတက်ရေးများကို ဆောင်ရွက်ရန် စီစဉ်ခြင်းဟု သိရသည်။

ရန်ကုန်တစ်ဖက်ကမ်း ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း လျာထားချက်တွင် မြေဧက ၂၄၇၀ ခန့်ရှိ (ဒလဘက်ခြမ်းနှင့် ရခိုင်ချောင်ဧရိယာ) အား လည်းကောင်း၊ ရန်ကုန်မြစ်ကြေပိုင်း ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း လျာထားချက်တွင် မြေဧက ၇၄၀ ခန့် ရှိ သီလ၀ါ၊ ကျောက်တန်းနှင့် လက်ခုပ်ကုန်းဒေသတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါဒေသများအား Commercial Area အဖြစ် လုပ်ငန်းလုပ်ကိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ကိုရီးယားနိုင်ငံမှ ရန်ကုန်မြစ်ကြေပိုင်းဒေသဖြစ်သည့် လက်ခုပ်ကုန်း
ဒေသအား သင်္ဘောတည်ဆောက်ရေး လုပ်ငန်းလုပ်ကိုင်နေသည့်
ဒေသဖြစ်သည့်အတွက် စိတ်ဝင်စားမှုရှိကြောင်း သိရသည်။

"မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ရန်ကုန်တစ်ဖက်ကမ်းနဲ့ ရန်ကုန်မြစ်ကြေပိုင်း ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလျာထားချက်တွေနဲ့ ပတ်သက်ပြီး
ပြောစရာ ထွေထွေထူးထူးတော့ မရှိပါဘူး။ ဒလဘက်ခြမ်းဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီမံကိန်း အဆိုပြုလွှာတွေ လာတင်နေကြတာတော့ အများကြီး ရှိပါတယ်။ ဒါကြောင့်မို့ ဒလဘက်ခြမ်းကိုတော့ ကျွန်တော်တို့ ညှိနှိုင်း ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြောကြားခဲ့ပါသည်။

Eleven Media Group
ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရန်ကုန်တစ်ဖက်ကမ်း (ဒလဘက်ခြမ်း) နှင့် ရန်ကုန်မြစ်ကြောင်းပိုင်း ဆိပ်ကမ်းဖွံ့ဖြိုး တိုးတက်ရေးများကို ဆက်လက်ဆောင်ရွက်ရန် လျာထား ကြောင်း
 မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်၏ ပြောကြားချက်အရ သိရသည်။
"ကျွန်တော်တို့ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသလိုပဲ ရန်ကုန် တစ်ဖက်ကမ်း နဲ့ရန်ကုန်မြစ်ကြေပိုင်း ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်ဖို့
အတွက် လျာထား ဆောင်ရွက်နေပါတယ်" ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ပြောပါသည်။

လက်ရှိတွင် ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ် လေးခုအား လျာထား ဆောင်ရွက်လျက်ရှိသည်။

ယင်းလုပ်ငန်းစဉ်များမှာ ရန်ကုန်ဆိပ်ကမ်း၊ လမ်းမတော်နယ်မြေ (ရွာသစ်ချောင်းနှင့် စဥ့်အိုးတန်းကြား) တွင် နိုင်ငံတကာအဆင့်မီ ပြည်တွင်းခရီးသွား ဆိပ်ကမ်းများ (Inland Port Ter-minal) အဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်ခြင်း၊ ဆူးလေဆိပ်ကမ်း တံတားအမှတ် ၁၊ ၂၊ ၃၊ ၄ တို့အား အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာနှင့် အထွေထွေ ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းအဖြစ် အဆင့်မြင့် ပြုပြင်တည်ဆောက်ခြင်း၊ ပန်းဆိုးတန်း-ဒလ ခရီးသည်တင် ဆိပ်ခံဗောတံတားအား အဆင့်မြင့် ခေတ်မီခရီးသည်တင် ဆိပ်ခံတံတား Modernized Passanger Terminal အဖြစ် ပြောင်းလဲတည်ဆောက်ခြင်း၊ ဗိုလ်တထောင်ဆိပ်ကမ်းရှိ ကမ်းပါးထိန်း ရေကာတံတိုင်း အား မြစ်ဘက်သို့ တိုးချဲ့တည်ဆောက်ခြင်း၊ ဆိပ်ခံဗောတံတားများအား အဆင့်မြင့်ပြုပြင် တည်ဆောက်ခြင်းနှင့် နောက်ခံမြေပေါ်တွင် အပန်းဖြေ အနားယူနိုင်ရေး နေရာများနှင့် ဆိုင်ခန်းများ တည်ဆောက်ခြင်း စသည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။

ယင်းကဲ့သို့ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်ရာတွင် ရန်ကုန်ဘက်အခြမ်းနှင့် ရန်ကုန်တစ်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟခြင်း မရှိစေရန် ယခုကဲ့သို့ ရန်ကုန်တစ်ဖက်ကမ်း (ဒလဘက်ခြမ်း) နှင့် ရန်ကုန်မြစ်ကြေပိုင်း ဆိပ်ကမ်းဖွံ့ဖြိုး တိုးတက်ရေးများကို ဆောင်ရွက်ရန် စီစဉ်ခြင်းဟု သိရသည်။

ရန်ကုန်တစ်ဖက်ကမ်း ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း လျာထားချက်တွင် မြေဧက ၂၄၇၀ ခန့်ရှိ (ဒလဘက်ခြမ်းနှင့် ရခိုင်ချောင်ဧရိယာ) အား လည်းကောင်း၊ ရန်ကုန်မြစ်ကြေပိုင်း ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း လျာထားချက်တွင် မြေဧက ၇၄၀ ခန့် ရှိ သီလ၀ါ၊ ကျောက်တန်းနှင့် လက်ခုပ်ကုန်းဒေသတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါဒေသများအား Commercial Area အဖြစ် လုပ်ငန်းလုပ်ကိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ကိုရီးယားနိုင်ငံမှ ရန်ကုန်မြစ်ကြေပိုင်းဒေသဖြစ်သည့် လက်ခုပ်ကုန်း ဒေသအား သင်္ဘောတည်ဆောက်ရေး လုပ်ငန်းလုပ်ကိုင်နေသည့် ဒေသဖြစ်သည့်အတွက် စိတ်ဝင်စားမှုရှိကြောင်း သိရသည်။

"မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ရန်ကုန်တစ်ဖက်ကမ်းနဲ့ ရန်ကုန်မြစ်ကြေပိုင်း ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလျာထားချက်တွေနဲ့ ပတ်သက်ပြီး ပြောစရာ ထွေထွေထူးထူးတော့ မရှိပါဘူး။ ဒလဘက်ခြမ်းဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီမံကိန်း အဆိုပြုလွှာတွေ လာတင်နေကြတာတော့ အများကြီး ရှိပါတယ်။ ဒါကြောင့်မို့ ဒလဘက်ခြမ်းကိုတော့ ကျွန်တော်တို့ ညှိနှိုင်း ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြောကြားခဲ့ပါသည်။


No comments: