Wednesday, December 12, 2012

ယခုနှစ်တွင် ပြည်တွင်းခရီးသွားလုပ်ငန်းများ နှစ်ဆခန့် မြင့်တက်

Photo: ယခုနှစ်တွင် ပြည်တွင်းခရီးသွားလုပ်ငန်းများ နှစ်ဆခန့် မြင့်တက်
Tuesday, 11 December 2012

ပွင့်လင်းရာသီအချိန်တွင် ခရီးသွားလုပ်ငန်းများသည် ယခုနှစ်အတွင်း၌ ယခင်နှစ်ကထက် နှစ်ဆခန့်မြင့်လာခဲ့ကြောင်း ပြည်တွင်းခရီးသွား လုပ်ငန်းများနှင့် ဘုရားဖူးလုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။

နှစ်စဉ် အောက်တိုဘာလမှ မေလအထိသည် ခရီးသွားရာသီဖြစ်ပြီး အများစု သည် ဘုရားဖူးခရီးစဉ်များ ဖြစ်ကြောင်း၊ ယခုနှစ်တွင် နိုင်ငံခြားခရီးသွား ဧည့်သည်များလည်း အများဆုံးဝင်ရောက်လာခဲ့ခြင်းကြောင့် ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းများအနေဖြင့် အရှိန်မြင့်လာသည်ဟု ဆိုနိုင်ကြောင်း
ပြည်တွင်းခရီးသွားလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ ဒီနှစ်ကတော့ ခရီးသွားတဲ့သူတွေ များလာတယ်၊ ပြည်ပခရီးသွား ဧည့်သည်တွေလည်း များတယ်။ ပြည်တွင်းက ဘုရားဖူးထွက်ကြတဲ့ သူတွေလည်း များတယ်။ ပြည်ပခရီးသွားဧည့်သည်တွေက တောင်ကြီးတို့၊ ပုဂံတို့၊ ရွှေစက်တော်တို့ကို သွားကြတယ်။ ပြည်တွင်းဘုရားဖူး ခရီး စဉ်တွေ ဆိုရင် ကျိုက်ထီးရိုးဘုရားဖူးက ဒီနှစ်တော့များတယ်၊ အရင်နှစ်က ကျိုက်ထီး ရိုးကို တစ်ည ကား ၅ စီးထွက်ရရင် ဒီနှစ်ကတော့ ၁၀ စီး ထွက်ရတယ်” ဟု ရွှေအိုးစည် ဘုရားဖူးခရီးသွားလုပ်ငန်းမှ ဦးဝင်းမြင့်က ပြောကြားသည်။

အဆိုပါ ခရီးစဉ်များအပြင် နိုင်ငံခြားခရီးသွားဧည့်သည်များ ဝင်ရောက်မှု များလာခြင်းကြောင့် အထက်မြန်မာပြည်ခရီးစဉ်နှင့် တောင်ကြီး-အင်းလေး၊ ရှမ်းပြည်၊ မြန်မာ့တောတောင်ရေမြေ သဘာဝလှပသော နေရာအများစုသို့
လည်း နိုင်ငံခြားခရီးသည် သွားရောက်မှု ယခင်နှစ်များ ထက်များပြားလာ
ခဲ့ကြောင်း စည်တော်ဝန် ခရီးသွားလုပ်ငန်းမှ ဦးမင်းနိုင်က ပြောကြားသည်။

“ နိုင်ငံခြားကလာတဲ့ ဧည့်သည်အများစုက အမျိုးအစားစုံပါတယ်၊ တချို့က အလည်အပတ်သဘောနဲ့ လာတာ၊ တချို့က ဘုရားဖူးဖို့ လာတာ၊ တချို့က အလည်အပတ်သဘောမျိုးနဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို လေ့လာချင် ကြတာ၊ စီးပွားရေးလုပ်ဖို့ လာတဲ့လူတွေကလည်း အများစုပါတယ်၊ ရခိုင်နဲ့
မြောက်ဦးဒေသကို နိုင်ငံခြားဧည့်သည်တွေ သွားချင်ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က မပို့ပေးနိုင်ဘူး” ဟု ဦးမင်းနိုင်က ပြောကြားသည်။

အောင်ကိုကို
The Myanma Age
ပွင့်လင်းရာသီအချိန်တွင် ခရီးသွားလုပ်ငန်းများသည် ယခုနှစ်အတွင်း၌ ယခင်နှစ်ကထက် နှစ်ဆခန့်မြင့် လာခဲ့ကြောင်း ပြည်တွင်းခရီးသွား လုပ်ငန်းများနှင့် ဘုရားဖူးလုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။

နှစ်စဉ် အောက်တိုဘာလမှ မေလအထိသည် ခရီးသွားရာသီဖြစ်ပြီး အများစုသည် ဘုရားဖူး ခရီးစဉ် များဖြစ်ကြောင်း၊ ယခုနှစ်တွင် နိုင်ငံခြားခရီးသွား ဧည့်သည်များလည်း အများဆုံးဝင်ရောက်လာ ခဲ့ခြင်းကြောင့်ပြည်တွင်းရှိခရီးသွားလုပ်ငန်းများအနေဖြင့်အရှိန်မြင့်လာသည်ဟုဆိုနိုင်ကြောင်း  ပြည်တွင်းခရီးသွားလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ ဒီနှစ်ကတော့ ခရီးသွားတဲ့သူတွေများလာတယ်၊ ပြည်ပခရီးသွား ဧည့်သည်တွေလည်းများတယ် ။ပြည်တွင်း က ဘုရားဖူးထွက်ကြတဲ့ သူတွေလည်းများတယ်။ ပြည်ပခရီးသွား ဧည့်သည်တွေက တောင်ကြီးတို့၊ ပုဂံတို့၊ ရွှေစက်တော်တို့ကို သွားကြတယ်။ ပြည်တွင်းဘုရားဖူး ခရီး စဉ်တွေ ဆိုရင် ကျိုက်ထီးရိုးဘုရားဖူးက ဒီနှစ်တော့များတယ်၊ အရင်နှစ်က ကျိုက်ထီး ရိုးကို တစ်ည ကား ၅ စီးထွက်ရရင် ဒီနှစ်ကတော့ ၁၀ စီး ထွက်ရတယ်” ဟု ရွှေအိုးစည် ဘုရားဖူးခရီးသွားလုပ်ငန်းမှ ဦးဝင်းမြင့်က ပြောကြားသည်။

အဆိုပါ ခရီးစဉ်များအပြင် နိုင်ငံခြားခရီးသွားဧည့်သည်များ ဝင်ရောက်မှု များလာခြင်းကြောင့် အထက်မြန်မာပြည် ခရီးစဉ်နှင့် တောင်ကြီး-အင်းလေး၊ ရှမ်းပြည်၊ မြန်မာ့တောတောင်ရေမြေ သဘာဝလှပသော နေရာအများစုသို့လည်း နိုင်ငံခြားခရီးသည် သွားရောက်မှု ယခင်နှစ်များ ထက်များပြားလာ ခဲ့ကြောင်း စည်တော်ဝန် ခရီးသွားလုပ်ငန်းမှ ဦးမင်းနိုင်က ပြောကြားသည်။

“ နိုင်ငံခြားကလာတဲ့ ဧည့်သည်အများစုက အမျိုးအစားစုံပါတယ်၊ တချို့က အလည်အပတ်သဘောနဲ့ လာတာ၊ တချို့က ဘုရားဖူးဖို့ လာတာ၊ တချို့က အလည်အပတ်သဘောမျိုးနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို လေ့လာချင် ကြတာ၊ စီးပွားရေးလုပ်ဖို့ လာတဲ့လူတွေကလည်း အများစုပါတယ်၊ ရခိုင်နဲ့
မြောက်ဦးဒေသကို နိုင်ငံခြားဧည့်သည်တွေ သွားချင်ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က မပို့ပေးနိုင်ဘူး” ဟု ဦးမင်းနိုင်က ပြောကြားသည်။

No comments: