Monday, December 03, 2012

ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များ ရွာသာကြီးတွင် ယာဉ်မှတ်ပုံတင်များလုပ်ဆောင်ပေးမည်

Monday, 03 December 2012
ယခင်က ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာန၊ မြင်သာရုံးတွင် ယာဉ်မှတ်ပုံတင်ခြင်း လုပ်ငန်း လုပ်ဆောင်ပေးနေသည့် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ဒီဇင်ဘာ ၃ ရက်နေ့မှစပြီး အဆိုပါ ဦးစီးဌာန ရွာသာကြီးတွင် စတင် ပြု လုပ်ပေးနေပြီဖြစ်ကြောင်း ယင်းဦးစီး ဌာန ၊ နေပြည်တော် ရုံးချုပ်၏ သတင်းပေးပို့ချက်အရသိ
 အငှားယာဉ်ကြီး များ ဖြစ်သော ခရီးသည် တင် (ဘတ်စ်)နှင့် ကုန်တင်ယာဉ် (ထရပ်)များကို ကနဦး မှတ်ပုံတင်ခြင်း လုပ်ငန်းဖြစ်သော နံပါတ်ပေးခြင်း၊ ယာဉ်စစ်ဆေးခြင်းနှင့် ယာဉ်မှတ်ပုံ တင်စာအုပ် သက်သေခံ လက်မှတ်များ ထုတ်ပေးခြင်းများကို ယခု လဆန်းမှစ၍ စတင် လုပ်ဆောင်ပေးနေပြီ ဖြစ်ကြောင်း သတင်းပေးပို့ချက်တွင် ဖော်ပြထားသည်။

The Voice Weekly

No comments: