Saturday, December 01, 2012

ဆူဇူကီးပြိုင်ပွဲ၏ အုပ်စု(ခ)ပွဲစဉ်များကို ယနေ့ညနေက မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့ရှိ ဘူကစ်ဂျာလီ အားကစား ကွင်းကြီးနှင့် ရှာအလမ် ကွင်းများတွင် တစ်ပြိုင်နက် ကျင်းပခဲ့

ဆူဇူကီးပြိုင်ပွဲ၏ အုပ်စု(ခ)ပွဲစဉ်များကို ယနေ့ညနေက မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့ရှိ ဘူကစ်ဂျာလီ အားကစား ကွင်းကြီးနှင့် ရှာအလမ် ကွင်းများတွင် တစ်ပြိုင်နက် ကျင်းပခဲ့သည်။ 

ရှာအလမ် ကွင်းတွင် ကျင်းပခဲ့သည့် လာအိုအသင်းနှင့် စင်ကာပူတို့၏ ပွဲစဉ်တွင် စင်ကာပူက (၃-၄)ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဘူကစ်ဂျာလီ ကွင်းမှ အိမ်ရှင် မလေးရှားနှင့် အင်ဒိုနီးရှား တို့၏ ပွဲစဉ်တွင်မူ အင်ဒိုနီးရှားက (၂-၀)ဂိုးဖြင့် ရှုံးနိမ်ခဲ့သည်။ 

ထို့ကြောင့် အုပ်စု(ခ)မှ မလေးရှားနှင့် စင်ကာပူတို့ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး အုပ်စု(က)မှ တက်ရောက်လာသည့် ထိုင်း၊ ဖိလစ်ပိုင် အသင်းများနှင့် ဒီဇင်ဘာ(၈)ရက်တွင် ဆီမီးဖိုင်နယ် ပွဲများကို စတင် ကစားရမည် ဖြစ်သည်။

Soccer Myanmar

No comments: