Wednesday, December 12, 2012

မြန်မာနိုင်ငံတင်ရှိနေသောအကြွေးကို..မည်သည့်နိုင်ငံကမှ အလကားမဆပ်ပေးပါ

Photo: မြန်မာနိုင်ငံတင်ရှိနေသောအကြွေးကို..မည်သည့်နိုင်ငံကမှ အလကားမဆပ်ပေးပါ
Tuesday, 11 December 2012

မြန်မာနိုင်ငံသည် ယခင်ကအခြေအနေအရပ်ရပ်ကြောင့်  အခြားနိုင်ငံများမှ
ငွေများကို ချေး ယူကာ သုံးစွဲခဲ့ပြီး ယခုအစိုးရ လက်ထက်ပွင့်လင်း
မြင်သာလာချိန် တွင် မြန်မာနိုင်ငံ တင်ရှိနေသော အကြွေးများအား အချို့
သော နိုင်ငံများက လျှော်ပစ်ခြင်း၊   ကိုယ်စားဆပ်ပေးခြင်းနှင့်အခြားသော အကူအညီပေးခဲ့ပြီး ယခု ကဲ့သို့ ကူညီမှုမှာလည်း မည်သည့် နိုင်ငံကမှ
မြန်မာနိုင်ငံတင်နေသော  အကြွေးကို အလကားမဆပ်ပေးကြောင်းကို ၂၀၁၂ခုနှစ် ဒီဇင်ဘာ  လ ၈ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ
တော်ဝင်နှင်းဆီစား သောက်ဆိုင်တွင်ပြုလုပ်ခဲ့သော  နိုင်ငံတကာငွေကြေး
အဖွဲ့အစည်း  များနှင့်မြန်မာနိုင်ငံအခွင့်အလမ်း  နှင့်စိန်ခေါ်မှုများ
ဆွေးနွေးပွဲတွင်   ဒေါက်တာသိန်းရွှေက ပြောကြားသည်။

““အရင်တုန်းက နိုင်ငံရေးပွင့်လင်းမှုမရှိလို့ဆိုပြီး  ဘယ်သူမှ မြန်မာနိုင်ငံကို အကြွေးမပေးဘူး၊ အခုတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီ ခိုင်၊မြန်မာပြည်
ကိုအထင်ကြီးတယ်။   ငွေချေးတာနဲ့ပတ်သက်ပြီး ပဲရစ်မှာ ဆွေးနွေးတဲ့
အခါကျရင် လျော့လျော့ပေါ့ပေါ့စဉ်းစားမယ်လို့ ပြောတယ်။အဲအခါကျရင် အခု  ဂျပန်က နေရင်းထိုင်ရင်း ကမ္ဘာ ဘဏ်က အကြွေးတွေကော၊ အာရှဘဏ်က အကြွေးတွေကော   မြန်မာပြည်ကိုယ်စားပြန်ဆပ်ပေး တယ်။ပြန်ဆပ်ပေးတယ်ဆိုသည် မှာ ပြန်ဆပ်တဲ့ ချေးငွေကို စာချုပ် ချုပ်ရမှာ။ဂျပန်က ကမ္ဘာ့ဘဏ်တို့၊ အာရှဘဏ်တို့ ပြန်ဆပ်ပေးတဲ့ငွေ ကို ကျွန်တော်တို့က ဂျပန်ကိုပြန်ဆပ်   ရမှာ။ အခုသတင်းတွေထဲမှာပါ တာက ချေးငွေဆပ်ပေးတယ်လို့ ပဲပါတယ်။နောက်ပိုင်းက စာချုပ် ချုပ်ထားတာကျတော့မပါဘူး””ဟု   ပြောကြားခဲ့သည်။

အထက်ပါ ပုဂ်္ဂိုလ်၏ ပြော ကြားချက်အရ အာရှဘဏ်နှင့်  ကမ္ဘာဘဏ်မှာ
ငွေချေးလျှင်အင်  မတန်ခက်ခဲပြီး အခုအခါတွင် တရုတ်နိုင်ငံ၏ ချေးငွေကို ဖွံ့ဖြိုးဆဲ နိုင်ငံများက သဘောကျကြောင်း၊ အကြောင်းမှာ တရုတ်နိုင်ငံ၏
ချေးငွေသည် နှစ်နိုင်ငံချစ်ကြည် ရေး လုပ်ပါက ပြန်မဆပ်ရလို့ ဖြစ်ကြောင်း သိရသည်။

ဖြိုးအောင်
Hot News
မြန်မာနိုင်ငံသည် ယခင်ကအခြေအနေအရပ်ရပ်ကြောင့် အခြားနိုင်ငံများမှ ငွေများကို ချေး ယူကာ သုံးစွဲခဲ့ပြီး ယခုအစိုးရ လက်ထက်ပွင့်လင်း မြင်သာလာချိန် တွင်မြန်မာနိုင်ငံ တင်ရှိနေသော အကြွေးများအား အချို့
သော နိုင်ငံများက လျှော်ပစ်ခြင်း၊ ကိုယ်စားဆပ်ပေးခြင်းနှင့်အခြားသော အကူအညီပေးခဲ့ပြီး ယခု ကဲ့သို့ ကူညီမှုမှာလည်း မည်သည့် နိုင်ငံကမှ မြန်မာနိုင်ငံတင်နေသော အကြွေးကို အလကားမဆပ်ပေးကြောင်းကို ၂၀၁၂ခုနှစ် ဒီဇင်ဘာ လ ၈ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစား သောက် ဆိုင်တွင်ပြုလုပ်ခဲ့သော နိုင်ငံတကာငွေကြေး အဖွဲ့အစည်း များနှင့်မြန်မာနိုင်ငံအခွင့်အလမ်း နှင့်စိန်ခေါ်မှုများ
ဆွေးနွေးပွဲတွင် ဒေါက်တာသိန်းရွှေက ပြောကြားသည်။
““အရင်တုန်းက နိုင်ငံရေးပွင့်လင်းမှုမရှိလို့ဆိုပြီး ဘယ်သူမှ မြန်မာနိုင်ငံကို အကြွေးမပေးဘူး၊ အခုတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီ ခိုင်၊မြန်မာပြည် ကိုအထင်ကြီးတယ်။ ငွေချေးတာနဲ့ပတ်သက်ပြီး ပဲရစ်မှာ ဆွေးနွေးတဲ့
အခါကျရင် လျော့လျော့ပေါ့ပေါ့စဉ်းစားမယ်လို့ ပြောတယ်။အဲအခါကျရင် အခု ဂျပန်က နေရင်းထိုင်ရင်း ကမ္ဘာ ဘဏ်က အကြွေးတွေကော၊ အာရှဘဏ်က အကြွေးတွေကော မြန်မာပြည်ကိုယ်စားပြန်ဆပ်ပေး တယ်။ပြန်ဆပ်ပေးတယ်ဆိုသည် မှာ ပြန်ဆပ်တဲ့ ချေးငွေကို စာချုပ် ချုပ်ရမှာ။ဂျပန်က ကမ္ဘာ့ဘဏ်တို့၊ အာရှဘဏ်တို့ ပြန်ဆပ်ပေးတဲ့ငွေ ကို ကျွန်တော်တို့က ဂျပန်ကိုပြန်ဆပ် ရမှာ။ အခုသတင်းတွေထဲမှာပါ တာက ချေးငွေဆပ်ပေးတယ်လို့ ပဲပါတယ်။နောက်ပိုင်းက စာချုပ် ချုပ်ထားတာကျတော့ မပါဘူး”” ဟု ပြောကြားခဲ့သည်။

အထက်ပါ ပုဂ်္ဂိုလ်၏ ပြော ကြားချက်အရ အာရှဘဏ်နှင့် ကမ္ဘာဘဏ်မှာ ငွေချေးလျှင်အင် မတန်ခက်ခဲပြီး အခုအခါတွင် တရုတ်နိုင်ငံ၏ ချေးငွေကို ဖွံ့ဖြိုးဆဲ နိုင်ငံများက သဘောကျကြောင်း၊ အကြောင်းမှာ တရုတ်နိုင်ငံ၏ ချေးငွေသည် နှစ်နိုင်ငံချစ်ကြည် ရေး လုပ်ပါက ပြန်မဆပ်ရလို့ ဖြစ်ကြောင်း သိရသည်။


No comments: