မြန်မာနိုင်ငံ အလယ်ပိုင်း၌ ဧရာဝတီမြစ်ရေထိန်းတံခါးများ ဆောက်လုပ်နိုင်ရန်ဘယ်လ်ဂျီယံနိုင်ငံမှ ပညာရှင် များလာရောက်လေ့လာရေးအတွက်ပြည်ထောင်စုအဆင့်ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်းပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
အဆိုပါ ရေထိန်းတံခါးများကို ဧရာဝတီမြစ်၏ စဥ့်ကူး၊အင်းဝ၊ပခုက္ကူ၊ မြင်းမူနှင့်ချောက်စသည့်အလယ်ပိုင်း
ဒေသများတွင် ဆောက်လုပ်ရန် လျာထားသည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။
ဒေသခံတွေက မလုပ်ဘူးဆိုရင်လည်း
ကျွန်တော်တို့က မလုပ်ဘူး။ ဒါကရိုးသားစွာပြောတာပါ” ဟု ဆိုသည်။
ရေထိန်းတံခါးများ တည်ဆောက်ခြင်းအားဖြင့် မြစ်ကြောင်း တစ်လျှောက်တွင် တစ်နှစ်ပတ်လုံးရေအမြင့် ပေ ၂၀အထိထိန်းထားနိုင်ပြီးအဆိုပါရေထိန်းတံခါးများမှလည်း ရေအားလျှပ်စစ်ထုတ်ယူနိုင်ကာ ဒေသခံပြည်သူများအား
ပေးဝေနိုင်မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က အကျိုးကျေးဇူးနှင့်
ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဖြစ်သည်ဟုရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးထွန်းလွင်ဦး
ကပြောသည်။
ကာကွယ်နိုင်မည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားရေးမှူးချုပ် ဒေါက်တာဟာရင်းနိုင်တီယမ်းကဆို သည်။
ရေထိန်းတံခါးများ တည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး ဆိုးကျိုးအနေဖြင့်
သဲနုန်းပို့ချမှု များသောကြောင့်
သောင်တူးလုပ်ငန်း လိုအပ်ခြင်း၊
သစ်ဖောင်ဝါးဖောင်များ အကန့်အသတ်ဖြင့် ဖြတ်သန်းရခြင်း၊ မိုးတွင်း၌
ရေလျှံပြီးရသော နှုံးတင်မြေနုများ ပျောက်ကွယ်နိုင်ခြင်း
စသည်တို့ဖြစ်ပေါ်ကြောင်း ဦးထွန်းလွင်ဦး၏
ပြောပြချက်အရသိရသည်။
No comments:
Post a Comment