Thursday, December 13, 2012

၂၀၁၄ မော်ဒယ် တိုယိုတာ RAV4

Photo: ၂၀၁၄ မော်ဒယ် တိုယိုတာ RAV4
Thursday, December 13, 2012

တိုယိုတာ RAV4 ကတော့ မြန်မာပြည်မှာလည်း အမာခံ ပရိတ်သတ် ရှိပါတယ်။ ဟွန်ဒါရဲ့  CR-V နဲ့ အဓိက ယှဉ်ပြိုင်နေတဲ့ကား ဖြစ်ပြီး
မြန်မာပြည်မှာလည်း အရေအတွက် များများ မြင်တွေ့ နေရပါပြီ။

သို့ပေမယ့် ၂၀၁၄ မော်ဒယ်ကတော့ ရောက်ဖို့ လိုအုံးမယ် ထင်ပါတယ်။ အမေရိကန်မှာတေင် မရောင်းချရသေးတဲ့ ၂၀၁၄ မော်ဒယ်ကို လော့အိမ်ဂျ လစ် မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက် ပြသသွားခြင်း ဖြစ်ပါတယ်။ အင်ဂျင်ပါဝါကတော့ ၃၅၀၀ စီစီ ဝန်းကျင်တွေပဲ ထုတ်ပြီး ဓာတ်ဆီ၊
ဒီဇယ် နှစ်မျိုး တွေ့မြင်ရမယ်လို့ ဆိုပါတယ်။ မြန်မာပြည် အဝင်များဒါကတော့ ၂၀၀၀ ကနေ ၂၀၀၆ မော်ဒယ် ဝန်းကျင်တွေ ဖြစ်ပါတယ်။ ကာလ ပေါက်ဈေးအားဖြင့်လည်း သိန်း ၃၀၀ ကျော်ကနေ ၂၀၀ ကျော် အထိကို ကျဆင်းနေပါပြီ။

ပရီမီယံဗားရှင်းသာ ဝယ်စီးခွင့် ရှိမယ်ဆိုရင်တော့ ဈေးက ဒီလောက်များမှာ မဟုတ်ပါဘူး။ ဈေးနှုန်းအလယ်အလတ်တန်းအစား SUV အနေနဲ့ ကမ္ဘာ့ ဈေးကွက်ကို ထိုးဖောက်တဲ့ တိုယိုတာရဲ့  ကားကြီး ဖြစ်ပါတယ်။ ၂၀၁၃ နှစ်လယ်က စလို့ စတင်ရောင်းချမယ်လို့ သိရပါတယ်။
----
Ref: autoblog
Photo courtesy of autoblog. All Rights Reserved.
ColayOnline:Automobile
တိုယိုတာ RAV4 ကတော့ မြန်မာပြည်မှာလည်း အမာခံ ပရိတ်သတ် ရှိပါတယ်။ ဟွန်ဒါရဲ့  CR-V နဲ့ အဓိက ယှဉ်ပြိုင်နေတဲ့ကား ဖြစ်ပြီး မြန်မာပြည်မှာလည်း အရေအတွက် များများ မြင်တွေ့ နေရပါပြီ။

သို့ပေမယ့် ၂၀၁၄ မော်ဒယ်ကတော့ ရောက်ဖို့ လိုအုံးမယ် ထင်ပါတယ်။ အမေရိကန်မှာတောင် မရောင်းချရသေးတဲ့ ၂၀၁၄ မော်ဒယ်ကို လော့အိမ်ဂျ လစ် မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက် ပြသ 
 သွားခြင်း ဖြစ်ပါတယ်။ အင်ဂျင်ပါဝါကတော့ ၃၅၀၀ စီစီ ဝန်းကျင်တွေပဲ ထုတ်ပြီး ဓာတ်ဆီ၊ ဒီဇယ် နှစ်မျိုး တွေ့မြင်ရမယ်လို့ ဆိုပါတယ်။ မြန်မာပြည် အဝင်များဒါကတော့ ၂၀၀၀ ကနေ ၂၀၀၆ မော်ဒယ် ဝန်းကျင်တွေ ဖြစ်ပါတယ်။ ကာလ ပေါက်ဈေးအားဖြင့်လည်း သိန်း ၃၀၀ ကျော်ကနေ ၂၀၀ ကျော် အထိကို ကျဆင်းနေပါပြီ။

ပရီမီယံဗားရှင်းသာ ဝယ်စီးခွင့် ရှိမယ်ဆိုရင်တော့ ဈေးက ဒီလောက်များမှာ မဟုတ်ပါ ဘူး။ ဈေးနှုန်းအလယ်အလတ်တန်းအစား SUV အနေနဲ့ ကမ္ဘာ့ ဈေးကွက်ကို ထိုးဖောက်တဲ့ တိုယိုတာရဲ့  ကားကြီး ဖြစ်ပါတယ်။ ၂၀၁၃ နှစ်လယ်က စလို့ စတင်ရောင်းချမယ်လို့ သိရပါတယ်။


No comments: