Sunday, December 02, 2012

မွန်ပြည်နယ်မှ Youth Forum အစည်းအဝေး ပြီးဆုံး

Forum 01နှစ်ရက်တာ ကျင်းပသည့် မွန်ပြည်နယ် အတွက် Youth Forum အစည်းအဝေးကို () မြို့နယ်မှ လူငယ် ကိုယ်စားလှယ် (၈၉) ဦး တက်ရောက်ပြီး ယမာန်နေ့တွင် ပြီးဆုံး သွားသည်ဟု Youth Forum အဖွဲ့ဝင် တဦးဖြစ်သူ ကိုဘုန်းမြတ်ဟန်က ဆိုပါသည်။ 
အစည်းအဝေး ကိုတော့ နိုဝင်ဘာ (၂၉ နဲ့ ၃၀) ရက်နေ့မှာ မော်လမြိုင်မြို့ မရမ်းကုန်းရပ်က မွန်မြတ်သော အိမ်ထောင်စု ဘုရား ရှိခိုးကျောင်းမှာ ကျင်းပပါတယ်။ ဦးဆောင် သူကတော့ ကိုကြည်လွင်ဖြစ်ပါတယ်။ အဓိက ကတော့ မွန်ပြည်နယ် (၁၀) မြို့နယ်က လူငယ် ကိုယ်စားလှယ် တွေကို ဖိတ်ပါတယ်။ ဒါပေမဲ့ ကျိုက်ထို ကိုယ်စားလှယ်တော့ မတက်ရောက်နိုင် ပါဘူး။ဟု ဆိုပါသည်။
အစည်းအဝေးကို မနက် () နာရီကနေ ညနေ () နာရီထိ ကျင်းပ ပါသည်။ ဆွေးနွေးပွဲ ဆွေးနွေးကြသည့် စာတမ်းများ မှာ-

(၁)လူငယ်နှင့် ပညာရေး
(
၂)လူငယ်နှင့် အလုပ်အကိုင်
(
၃)လူငယ်နှင့် ကျန်းမာရေး၊ အားကစားနှင့် စာရိတ္တ
(
၎)လူငယ်နှင့် သဘာဝပတ်ဝန်းကျင်နှင့် စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှု
(
၅)လူငယ်နှင့် မူးရစ်ဆေးဝါး
(
၆)လူငယ်ထု၏ ပါဝင်ပတ်သက်မှု
(
၇)လူငယ်နှင့် သတင်းအချက်အလက်၊ဆက်သွယ်ရေးနှင့် နည်းပညာ
(
၈)လူငယ်နှင့် ငြိမ်းချမ်းရေး
(
၉)လူငယ်နှင့်ယဉ်ကျေးမှု အနုပညာ
(
၁၀)လူငယ်နှင့် စွန့်ဦးတီထွင်မှု
(
၁၁)လူငယ်နှင့် ဒီမိုကရေစီ လူ့အခွင့်အရေး
(
၁၂)လူငယ်နှင့် ဂျန်ဒါ တို့ဖြစ်ပါသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ကျင်းပမည့် Myanmar youth forum အစည်းအဝေးအတွက် မွန်ပြည်နယ်မှ တက်ရောက် သော ကိုယ်စားလှယ်(၁၀) ဦးကိုလည်း ရွေးချယ် ခဲ့ကြပါသည်။ ထို့အပြင် Myanmar youth forum အစည်းအဝေး ဆွေးနွေးကြမည့် စာတမ်း တစောင်ကိုလည်း ပြုစုသွားမည်ဖြစ်သည်။
Myanmar Youth Forum အတွက် ကိုယ်စားလှယ် (၁၀)ဦးမှာ-
ကိုဘုန်းမြတ်ဟန်-ရေး
ကိုကြည်ဇော်လွင်-မော်လမြိုင်
မိစရိုင်းနွန်-မော်လမြိုင်
မင်းအောင်မျိုးသိုက်-မုဒုံ
မင်းဥာဏ်သိုက်-ရေး
ခွန်သက်မောင်မောင်-သထုံ
ခွန်တေဇာအောင်-သထုံ
စောအောင်ရွှေဝင်း-ရေ
နော်ရိုစီမန်း-မော်လမြိုင
မိအေးမှီမှီ-ပေါင်တို့ဖြစ်ပါသည်။ 
Forum 009
မွန်ပြည်နယ် youth forum ရည်ရွယ်ချက်များမှာ-

(၁) မွန်ပြည်နယ် တ၀န်းလုံးရှိ လူငယ်များ ပူးပေါင်း ပါဝင် ဆွေးနွေးမှုမှ တစ်ဆင့် ဒေသတွင်းရှိ လူငယ်များ၏ သဘောထား အသံများ၊ စိုးရိမ် ပူပန် မှုများနှင့် စိတ်ဝင်စားမှု များကို တစ်စုတစ်စည်းတည်း စုပေါင်းဖော်ထုတ်ရန်။
(၂)ယင်းမှ တစ်ဆင့် လူငယ်များ၏ အခွင့်အရေး၊ တာဝန်နှင့် ရပိုင်ခွင့်များကို ဖော်ထုတ်ပြီး လူငယ်ရေးရာ မူဝါဒများ ထွက်ပေါ်လာစေရန်၊ စုစည်း၊ ချိတ်ဆက် လုပ်ဆောင်နိုင်ရန်
(၃) မွန်ပြည်နယ်လုံး ဆိုင်ရာ လူငယ် ကွန်ယက်ကြီး ပေါ်ပေါက် လာစေရန် ရည်ရွယ် ထားပါသည်။

No comments: