Friday, January 11, 2013

သူတို့ပြုံးပြီးကြည့်နေကြတယ်

Photo: သူတို့ပြုံးပြီးကြည့်နေကြတယ်
Thursday, 10 January 2013

ဒါ တပ်မတော်စစ်ကြောင်းတစ်ခု ချီတက်နေတဲ့ပုံပါ ၊ ကြည့်ပါဦးဗျာ.. နေ့စဉ် ရာသီဥတုဒဏ်ခံနေရတော့ အ၀တ်အစားတွေ ၊ စစ်ဘိနပ်တွေ ၊ ချပ်ဝတ်တန်ဆာတွေဟာ မကောင်းနိုင်တော့ပါဘူး ၊ စုတ်ပြတ်နေတာပါဘဲ ၊ သူတို့လဲ လူတွေပဲ ... အမေရိကန် မရိန်းတပ်သားတွေလို သွားချင်တဲ့နေရာကို ရဟတ်ယာဉ်ကြီးတွေ နဲ့သွား ၊ လေယာဉ်တွေနဲ့ လာချပေးတဲ့စည်သွတ်ဘူးတွေစား ၊ ဂြိုလ်တု ဆက်သွယ်ရေးတွေပါတဲ့ ခေတ်မီ ချပ်ဝပ်တန်ဆာတွေနဲ့ သွားရရင် ကောင်းမှန်း သိတာပေါ့ .. ၊ ဒါပေမယ့် တိုင်းပြည်ဆင်းရဲနေတော့ ပြောမထွက်ဘူး ၊ မတောင်းရက်ဘူး ၊ ဆင်းရဲတဲ့ မိဘဆီက မရနိုင်တာတွေတောင်းပြီး မိဘကို စိတ်ဆင်းရဲစေမယ့် အလုပ်တွေ သူတို့မလုပ်ဘူး...၊ ဘာလို့လဲဆိုတော့ ပေးဆပ်နေရတာကို ဂုဏ်ယူနေကြတာကိုး...။


ဒီလိုဖြစ်နေတာတောင် စစ်အသုံးစရိတ်များနေပါတယ်တို့ ထပ်လျော့ရမယ်တို့ ပြောနေတဲ့ ခင်ဗျားတို့ကို မေတ္တာ မပျက်ဘူး ၊ စစ်ခွေးလို့ခေါ်လဲ အပြုံးမပျက်ဘူး ၊ ခင်ဗျားတို့လေးစားပါတယ်ဆိုတဲ့ ပြည်တွင်းပြည်ပ ၊ မြေပေါ်မြေအောက် ၊ ထောင်တွင်း ထောင်ပြင်၊ နိုင်ငံရေးသမားတွေ ၊ freedom fighter ဆိုတဲ့ ခင်ဗျားတို့ရဲ့ ထောင်တွင်းဟိမ၀န္တာ စွန့်စားခန်းတွေ ၊ အင်မတန်ကြီးမားတဲ့ အံ့ဘွယ်အနစ်နာခံမှုကြီးတွေကို ပြည်ပအသံလွှင့် ဌာနတွေကတစ်ဆင့်နားထောင်ရင်း သူတို့ ပြုံးနေကြတယ် ၊ လှောင်ပြုံးမဟုတ်ပါဘူး ... ပေးဆပ်သူတို့ရဲ့အပြုံး ၊ နှလုံးလှသူတို့ရဲ့ အပြုံးတွေနဲ့ပါ.....။


ဒေါက်တာဆိတ်ဖွား
credit : http://doctorsatephwar.blogspot.com/2012/01/blog-post_26.htmlဒါ တပ်မတော်စစ်ကြောင်းတစ်ခု ချီတက်နေတဲ့ပုံပါ ၊ ကြည့်ပါဦး ဗျာ.. နေ့စဉ် ရာသီဥတုဒဏ်ခံနေရတော့ အ၀တ်အစားတွေ ၊ စစ် ဘိနပ်တွေ ၊ ချပ်ဝတ်တန်ဆာတွေဟာ မကောင်းနိုင်တော့ပါဘူး ၊ စုတ်ပြတ်နေတာပါဘဲ ၊ သူတို့လဲ လူတွေပဲ ... အမေရိကန် မရိန်း တပ်သားတွေလို သွားချင်တဲ့နေရာကို ရဟတ်ယာဉ်ကြီးတွေ နဲ့သွား ၊ လေယာဉ်တွေနဲ့ လာချပေးတဲ့စည်သွတ်ဘူးတွေစား ၊ ဂြိုလ်တု ဆက်သွယ်ရေးတွေပါတဲ့ ခေတ်မီ ချပ်ဝပ်တန်ဆာတွေနဲ့ သွားရ ရင် ကောင်းမှန်း သိတာပေါ့ .. ၊ ဒါပေမယ့် တိုင်းပြည် ဆင်းရဲနေတော့ ပြောမထွက်ဘူး ၊ မတောင်းရက်ဘူး ၊ ဆင်းရဲတဲ့ မိဘဆီက မရနိုင်တာတွေတောင်းပြီး မိဘကို စိတ်ဆင်းရဲစေမယ့် အလုပ်တွေ သူတို့မလုပ်ဘူး...၊ ဘာလို့လဲဆိုတော့ ပေးဆပ်နေရတာကို ဂုဏ်ယူနေကြတာကိုး...။
ဒီလိုဖြစ်နေတာတောင် စစ်အသုံးစရိတ်များနေပါတယ်တို့ ထပ်လျော့ရမယ်တို့ ပြောနေတဲ့ ခင်ဗျား တို့ကို မေတ္တာ မပျက်ဘူး ၊ စစ်ခွေးလို့ခေါ်လဲ အပြုံးမပျက်ဘူး ၊ ခင်ဗျား တို့လေးစား ပါတယ်ဆိုတဲ့ ပြည်တွင်းပြည်ပ ၊ မြေပေါ်မြေအောက် ၊ ထောင်တွင်း ထောင်ပြင်၊ နိုင်ငံရေးသမားတွေ ၊ freedom fighter ဆိုတဲ့ ခင်ဗျားတို့ရဲ့ ထောင်တွင်းဟိမ၀န္တာ စွန့်စားခန်းတွေ ၊ အင်မတန်ကြီးမားတဲ့ အံ့ဘွယ်အနစ်နာခံမှုကြီးတွေကို ပြည်ပအသံလွှင့် ဌာနတွေကတစ်ဆင့်နားထောင်ရင်း သူတို့ ပြုံးနေကြ တယ် ၊ လှောင်ပြုံးမဟုတ်ပါဘူး ... ပေးဆပ်သူတို့ရဲ့အပြုံး ၊ နှလုံးလှသူတို့ရဲ့ အပြုံးတွေနဲ့ပါ.....။


ဒေါက်တာဆိတ်ဖွား
credit : http://doctorsatephwar.blogspot.com/2012/01/blog-post_26.html

No comments: