Monday, 14 January 2013
ဒုတိယကမ္ဘာစစ်ကာလအတွင်း မြန်မာနိုင်ငံ၌ ကျဆုံးခဲ့သော အမေရိကန် တပ်ဖွဲ့ဝင်များ၏ ရုပ်လောင်းမျာ်း ရှာဖွေရေး ပြန်လညစတင် ရန်အတွက် အကြိုညှိနှိုင်းရေး အဖွဲ့တစ်ခု မြန်မာနိုင်ငံ သို့ ဇန်န၀ါရီလ ၂၁ ရက်တွင် လာရောက်မည်ဟု သိရသည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံဟာဝိုင်ယီအခြေစိုက် စစ်သုံ့ပန်း (POW) နှင့် တာဝန်ထမ်းဆောင်စဉ် ကျဆုံးခဲ့သည့် အမေရိကန်တပ်ဖွဲ့ဝင် (MIA) များ ပူးတွဲအစည်းအရုံး JPAC ၏ ထုတ်ပြန်ချက်အရ ဒုတိယကမ္ဘာစစ် ကာလအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ကျဆုံးခဲ့သည့် အမေရိကန်တပ်ဖွဲ့ဝင် ၇၃၀ ခန့်အား ပြန်လည်ရှာဖွေရေးအတွက် ဇန်န၀ါရီ ၂၁ ရက်နေ့တွင် အကြိုညှိနှိုင်းရေးအဖွဲ့၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင်စုံစမ်းစစ်ဆေးရေးအဖွဲ့ လာရောက်မည်ဟု သိရသည်။
ဘာသာဗေဒပညာရှင်နှင့် လေ့လာဆန်းစစ်သူများပါဝင်မည့် ရှာဖွေရေးအဖွဲ့ သည် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတွင် သုံးပတ်ကြာမျှ လေ့လာဆန်းစစ်မှုများ ပြုလုပ်ကြ မည်ဟု ပြောရေးဆိုခွင့်ရှိသူ Michelle Thomas က ဆိုသည်။
JPAC သည် မြန်မာနိုင်ငံတွင် ကျဆုံးခဲ့သော အမေရိကန်တပ်ဖွဲ့ဝင်များ ရှာဖွေရေးကို ၂၀၀၃ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်များတွင် ပြုလုပ်ခဲ့ပြီး၊ လေတပ်သား၇ ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။ ၄င်းတို့မှာ ၁၉၄၄ ခုနှစ်က ကချင်ပြည်နယ်တွင် ဂျပန်တပ်များ၏ ပတ်ခတ်မှုကြောင့် ပျက်ကျခဲ့သည်ဟု ယူဆရသောC-47 Skytrain လေယာဉ်မှ အမှုထမ်းများဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဗာဂျီနီးယားပြည်နယ်ရှိ အာလင်တန် စစ်သချိုင်းတွင် ပြန်လည်မြုပ်နှံ သဂြိုလ်ခဲ့သည်။
Popular Myanmar News Journal

No comments:
Post a Comment