Tuesday, January 01, 2013

လိုင်ဇာတွင် ကချင်လူမျိုး မဟုတ်သူများအား KIA မှ စစ်ဆေးလျှက်ရှိ

KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် KIA မှ ကချင်လူမျိုးမဟုတ်သူများအား စစ်ဆေးလျှက် ရှိကြောင်း လိုင်ဇာရှိ သတင်းထောက်တစ်ဦးမှ သတင်းပေးပို့ခဲ့ပါသည်။ လဂျားယန်တိုက်ပွဲများတွင် အစိုးရအမြောက် တပ်မှ စခန်းကုန်းများအား ထိရောက်စွာပစ်ခတ်နိုင်ခြင်း၊ အစိုးရခြေလျင်တပ်များမှ စခန်းများအား လွယ်ကူ စွာ သိမ်းပိုက်ရရှိခြင်း၊ လိုင်ဇာမြို့အခြေအနေအား အစိုးရမှ အသေးစိတ်သိရှိနေခြင်း စသောအကြောင်း များကြောင့် လိုင်ဇာမြို့ရှိ ကချင်လူမျိုးများမှ လွဲ၍ အခြားလူမျိုးများအား KIA အဖွဲ့မှ သင်္ကာမကင်း စစ်ဆေးစောင့်ကြည့်လျှက်ရှိပါသည်။

KIA ခေါင်းဆောင်များမှ လိုင်ဇာမြို့တွင် အစိုးရသူလျှိုများရှိနေကြောင်းထင်မြင်ယူဆပြီး စစ်ဆေးနေခြင်း
ဖြစ်ပါသည်။ KIA ခေါင်းဆောင်များ၏ အတွင်းရေးဖြစ်သော တရုတ်ပြည်တွင် တိမ်းရှောင်မည့် အစီအစဉ်များပေါက်ကြားပြီး နောက်ပိုင်းတွင် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်မှ အမိန့်ထုတ်ပြန်ပြီး စစ်ဆေးစေခြင်းဖြစ်ပါသည်။ လိုင်ဇာတွင် နှစ်ပေါင်းများစွာနေထိုင်လျှက်ရှိသော ရှမ်းလူမျိုးများကိုပါ စစ်ဆေးလျက်ရှိပါသည်။ လိုင်ဇာမြို့တွင်နေထိုင်ပြီး ဈေးဆိုင်ဖွင့်ထားသော ရှမ်းလူမျိုး မနန်းစောမှ ကျွန်မ လိုင်ဇာမှာ ဆိုင်ဖွင့်ထားတာ နှစ်ကျော်ပါပြီ၊ KIA အဖွဲ့မှာလည်း ဈေးလာဝယ်ရင်းနဲ့ ရင်းနှီးတဲ့လူတွေရှိပါတယ် ဒါပေမယ့် ကျွန်မတို့ကိုလည်း စစ်ဆေးပါတယ်။ နောက်လည်း သင်္ကာမကင်းစောင့်ကြည့်မယ်လို့လည်း ပြောပါတယဟုပြောကြားခဲ့ပါသည်။အထူးအဖြင့် ပြည်တွင်း/ပြည်ပမှ ရောက်ရှိလာသော သတင်းထောက်များတွင် အစိုးရသူလျှိုများ ပါရှိနိုင်သဖြင့် ၄င်းတို့ကို အမြဲစောင့်ကြည့်ရန်လိုအပ်ကြောင်းKIA မှ ဒူဂျွန်အဆင့်ရှိ နော်ဆိုင်းမှ ပြောကြားခဲ့ကြောင်း သိရပါသည်။

No comments: