
မြစ်ကြီးနားမှ မန္တလေးသို့ ထွက်ခွာလာသော အမှတ် ၃၄ အစုန် မြစ်ကြီး နား- မန္တလေး လူစီး အမြန်ရထားသည် မြေပုလင်ရွာ အနီး မိုင်တိုင် အမှတ် (၆၁၀) ၂၁/၂၂ အကြားတွင် KIA သောင်းကျန်းသူ အဖွဲ့မှ မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီး ခဲ့သဖြင့် စက်ခေါင်းနှင့် ပထမတွဲ လဲကျ၍ ဒုတိယတွဲ ၄၅ ဒီဂရီ တိမ်းစောင်း သွားခဲ့ပါသည်။အဆိုပါ ဖြစ်စဉ် ဖြစ်ပွားရာ နေရာသို့ နယ်မြေခံ တပ်မတော်သားများနှင့် တာဝန်ရှိသူများမှ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး၊ ပျက်စီးမှုများအား မီးရထား ဝန်ထမ်းများနှင့် အတူ ရှင်းလင်း ဆောင်ရွက် လျက်ရှိ ကြောင်း သတင်း ရရှိပါသည်။ ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် ပျက်စီးမှု အခြေအနေများအား ပြုစု ဆောင်ရွက် လျက်ရှိပြီး သတင်းဓါတ်ပုံများအား ဆက်လက် တင်ပြသွားမည် ဖြစ်ပါသည်။
မြ၀တီ
No comments:
Post a Comment