Tuesday, January 15, 2013
ကျွမ်းကျင်သူများ၏ ဟောကိန်းထုတ်မှုအရ ၂၀၁၃ ခုနှစ်တွင် Tablet နှင့် Mobile Phone တို့၏ လူကြိုက် များကျော်ကြားမှု အဆုံးသတ်သွား မည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ "Phablet" နှစ် ဖြစ်လာ မည်ဟုဆိုသည်။
အရွယ်အစားမှာ Mobile Phone မက ကြီးမားပြီး Tablet အရွယ်ထက် အတန်ငယ်သေးငယ်သော ကြီးမား လှသော Mobile Phone အသုံး အဆောင်
မှာ လူကြိုက် များလာမည်ဟု ၎င်းတို့က သုံးသပ်သည်။
ယေဘူယျအားဖြင့် "Phablet" ဆိုသည်မှာ screen ထောင်ဖြတ်အရွယ်အစား ၅ လက်မထက် ကြီးမားသော Mobile Phone ကို သတ်မှတ်ထားသည်။ "Phablet" ဟူသည့် စကားလုံးမှာ "phone and tablet" အသုံးအနှုန်းမှ အတိုကောက်အဖြစ် ရယူထားခြင်းဖြစ်သည်။
Planet Myanmar Network

No comments:
Post a Comment