Saturday, January 05, 2013

အဓိပ္ပာယ်အသစ်များဖြင့်… အမည်ပြောင်းလိုက်ပါပြီ… UNFC



          KIA ကိစ္စနဲ့ပတ်သက်ပြီး UNFC က ဇန်နဝါရီလ(၁)ရက်နေ့ရက်စွဲနဲ့ သဘောထားတစ်ရပ် ထုတ်ပြန်ခဲ့တယ်ဆိုပဲ။ KIA ကို တပ်က ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်တယ်ဆိုတဲ့အကြောင်း၊ ဒါကို အပြင်းအထန် ကန့်ကွက်တယ်ဆိုတဲ့အကြောင်းပေါ့ဗျာ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း KIA ကို ဘာကြောင့်တိုက်ခိုက်ရသလဲ ဆိုတာ အစိုးရသတင်းစာတွေမှာ တရားဝင်ရှင်းပြထားတာတွေ့ရပါတယ်။ အများပြည်သူအသုံးပြုနေတဲ့ လမ်းကြောင်းကို ပိတ်ဆို့ထားပြီး တပ်ရဲ့ပုံမှန်ရိက္ခာပို့စစ်ကြောင်းကို KIA ကအင်အားအများအပြားနဲ့ စောင့်ကြိုတိုက်ခိုက်တဲ့အတွက် တပ်က ရှင်းလင်းရခြင်းသာဖြစ်ပါတယ်။ ဒါကို UNFC လို ဘာမှမဟုတ်တဲ့အဖွဲ့က အပြင်းအထန်ပဲ ကန့်ကွက် ကန့်ကွက်၊ မပြင်းမထန်ဘဲ ကန့်ကွက် ကန့်ကွက်၊ တပ်ကတော့ သိပ်ဂရုစိုက်မယ်မထင်ပါဘူး။
တပ်ဆိုတာက ဗိုလ်ချုပ်အောင်ဆန်း စတင်တည်ထောင်ကတည်းက ဘယ်သောင်းကျန်းသူကိုမှ အရှုံးပေးခဲ့တာမရှိဘူး။ ကူမင်တန်လို အင်အားသောင်းချီတဲ့ ပြည်ပကျူးကျော်သူကိုလဲ တီးထုတ်ပစ်ခဲ့တာပဲ။ တပ်က လက်သံပြောင်တယ်ဆိုတာ သမိုင်းကြောင်းကို ပြန်ကြည့်ရင် သိပါလိမ့်မယ်။ ပွိုင့်-၇၇၁ တောင်ကုန်းလို ပေ ၂၅၀၀ လောက် တောင်ကိုမပြောနဲ့၊ ပေ ၄၀၀၀/၅၀၀၀ ကျော်မြင့်တဲ့ တောင်ကုန်းတွေတောင်သိမ်းလာတာ KIA ကိုပြောလိုက်ပါ၊ ကချင်ပြည်နယ်ထဲက မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး ၁၉၂၉၆ ပေရှိတဲ့ ခါကာဘိုရာဇီတောင်ပေါ် တက်ပုန်းနေလဲ တပ်ကသိမ်းနိုင်ပါတယ်လို့။
UNFC ကပြောတဲ့ မဟာလူမျိုးကြီးဝါဒတို့၊ ဖက်ဆစ် စစ်အာဏာရှင်စနစ်တို့ဆိုတဲ့ စကားတွေက Expire Date ဖြစ်သွားတာကြာလှပါပြီ။ ဒီခေတ်မှာ အသုံးမပြုတော့ပါဘူး။ ဒီခေတ်ဟာဒီမိုကရေစီခေတ်ပါ။ ဒီမိုကရေစီစနစ်နဲ့သွားမယ်။ ပြည်သူရွေးချယ်တဲ့သူ အစိုးရလုပ်၊ တပ်ကအခြေခံဥပဒေကပေးတဲ့တာဝန်အတိုင်းလုပ် ဒါပဲ။ မွေးရာပါအခွင့်အရေးကို ဘယ်သူမှပိတ်ပင်မထားပါဘူး။ မွေးရာပါအခွင့်အရေးကို စုပေါင်းလက်တွဲတိုက်ပွဲဝင်သွားမယ်ဆိုတဲ့ စကားလုံး UNFC က ထည့်သုံးကတည်းက ခင်ဗျားတို့ဟာ အခွင့်အရေးသမားတွေဆိုတာပေါ်လွင်နေပြီ။ UNFC မှာ တိုင်းရင်းသားအဖွဲ့အစည်း ၁၁ ဖွဲ့ရှိပါတယ်ဆိုပေမယ့် လေ့လာချင်လို့ အစည်းအဝေးလာတက်တာနဲ့ အဖွဲ့ဝင်အဖြစ်တန်းပြီး စာရင်းသွင်းလိုက်တော့ အဖွဲ့ဝင်တွေ ဖောင်းပွသွားပေမပေါ့ဗျာ။ အရင်းစစ်လိုက်တော့ KIA က အင်ဘန်လဟာ ဒီအဖွဲ့ရဲ့ ဇာတ်လိုက်ကြီးပါ။ ငွေကြေးထောက်ပံ့မယ်ဆိုတဲ့ မက်လုံးပေးပြီး တစ်ခြားအဖွဲ့တွေကို စည်းရုံးနေပေမယ့် UWSA အဖွဲ့၊ RCSS/SSA အဖွဲ့နဲ့ NDAA အဖွဲ့တွေကတော့ KIA ကို အထင်မကြီးလို့ ဒီအဖွဲ့ထဲဝင်ဖို့ ခါးခါးသီးသီး ငြင်းဆန်ခဲ့ပါပကော…
          နေရာတိုင်းမှာ စေ့စပ်ဆွေးနွေးရုံနဲ့ အလုပ်မဖြစ်တာတွေအများကြီးရှိပါတယ်။ နိုင်ငံရေးရဲ့နောက်ဆုံးနည်းဟာ စစ်ရေးပဲဖြစ်လေတော့ KIA လို ခွဲထွက်ဖို့တာစူနေတဲ့အဖွဲ့ကို ကြာကြာထားရင် တိုင်းပြည်အတွက် ပိုပြီးအန္တရာယ် ရှိပါလိမ့်မယ်။ ခံတွင်းထဲကသွားတွေလိုပါပဲ။ ပိုးစားပြီး အပေါက်ဖြစ်လို့ သန့်ရှင်းရေးလုပ်တယ်၊ ဆေးထည့်တယ်၊ ဖာတယ်၊ ဒါမှမရလို့ ပိုဆိုးလာရင်တော့ နှုတ်ပစ်ရပါမယ်။ ပြီးမှအသစ်စိုက်ချင်စိုက်၊ မနှုတ်ရင်သွားကိုက်ပြီး ထမင်းစားမရဖြစ်ရသလို ဘေးနားက သွားတွေပါလိုက်ပြီး ရောဂါကူးစက်ပါလိမ့်မယ်၊ ယိုင်နဲ့ပါလိမ့်မယ်၊ ခံတွင်းထဲက သွားအားလုံး ကောင်းနေမှသာ အစာကြေပြီး ခန္ဓာကိုယ်မှာ အာဟာရဖြစ်ပေမပေါ့ဗျာ။
          စစ်တိုက်တဲ့နေရာမှာ ဘယ်နေရာကိုတိုက်မယ်၊ ဘယ်နေရာကိုတော့မတိုက်ဘူးဆိုတာ ကြိုပြောထားလို့မရပါဘူး။ ဒီပုံစံအတိုင်းဆိုရင် တပ်က KIA ကို မြေလှန်ပစ်တော့မယ်ထင်တယ်။ လိုင်ဇာလဲသိပ်စိတ်မချရတော့ဘူး၊ ဘာလို့လဲ ဆိုတော့ တပ်က လိုင်ဇာနဲ့လက်တစ်ကမ်းကိုရောက်နေလို့ပါ။ ဒီအချိန် တရုတ်ဘက်ကိုပဲပြေးပြေး၊ လက်နက်ပဲချချ KIA ခေါင်းဆောင်များ၊ ခင်ဗျားတို့အတွက် အချိန်ရပါသေးတယ်။ နဖူးပေါ်လက်တင်ပြီး အခြေအနေမှန်ကိုအမြန်စဉ်းစားလိုက်ပါ။ UNFC အားကိုးနဲ့မိုက်ရင် ခင်ဗျားတို့ပဲခံရပါလိမ့်မယ်။ ကျန်တဲ့အဖွဲ့တွေကတော့ သူ့မူနဲ့သူသွားမှာပဲ။
          UNFC နာမည်သုံးပြီး အော်ချင်တာအော်နေတာလောက်တော့ တပ်ကဂရုစိုက်လိမ့်မယ်မထင်ဘူး။ ခွေးဟောင်တိုင်း ထကြည့်ရင်လဲ အိပ်ရေးပျက်ပေမပေါ့။ UNFC က လေနဲ့ပစ်နေတာကို တပ်အနေနဲ့တော့ ချင်းမိုင်ကလေလည်တာလို့ပဲ အောက်မေ့မှာပါ။ အာဏာရအစိုးရနဲ့ ဗမာ့တပ်မတော်၏တာဝန်ပင်ဖြစ်မည်ဟု ဆိုသွားပါလားဗျာ၊ မှန်ပါတယ်။ အစိုးရနဲ့ တပ်မတော်က တာဝန်ရှိလို့ တာဝန်သိတဲ့အတိုင်းလုပ်နေတာပဲဖြစ်ပါတယ်။
          တကယ်တော့ UNFC ဆိုတာကို ၂၀၁၁ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ KIA ကခေါင်းဆောင်ပြီး ချင်းမိုင်မှာဖွဲ့ခဲ့တာပါ။ အဖွဲ့တွေစုပေါင်းပြီး အစိုးရ ဘေးကြပ်နံကြပ်ဖြစ်အောင်လုပ်ဖို့ KIA ရဲ့ကောက်ကျစ်တဲ့အကြံနဲ့ စတင်ခဲ့တာပါ။ ဒါကိုသိတဲ့ တိုင်းရင်းသားအဖွဲ့တွေက လေ့လာသူအဆင့်မှာသာ ရပ်တည်နေပြီး အမာခံအဖွဲ့က ၂ ဖွဲ့ပဲရှိပါတယ်။ အဲဒါတွေကတော့ KIO နဲ့ KNO ကချင်နှစ်ဖွဲ့ပါပဲ။ ဒါကြောင့် RCSS အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်က UNFC ကို အယုံအကြည် မရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့တာပဲဖြစ်ပါတယ်။
          စိတ်မပါ့တပါနဲ့ အဖြစ်သဘောအစည်းအဝေးလာကြသူတွေကို ချင်းမိုင်အရောက်မှာ KIO ကျောက်သူဌေးတွေက Night Club တွေနဲ့ အပျော်ခန်းတွေဆီပို့ပြီး အစည်းအဝေးကာလတစ်လျှောက်လုံး ဒကာခံနေတာကြားရတော့ ကျွန်တော် တို့တောင် ချင်းမိုင်အစည်းအဝေးကို တက်ချင်စိတ်ပေါက်လာပါတယ်။ အခြေအနေမဟန်တဲ့ ဒီအဖွဲ့ကိုတော့ လုပ်ရပ်တွေနဲ့ ရည်ရွယ်ချက်တွေအတိုင်း အဓိပ္ပာယ်အသစ်များဖြင့်… အမည်ပြောင်းလိုက်ပါပြီ… UNFC ရေ…

ပရမ်းပတာအမည်ဆိုးဖြင့် ကျော်ကြားသည့် ကာမအသင်း
Unstructured Notorious Fucking Club

No comments: