Thursday, February 21, 2013

အရှေ့ဥရောပမှ ဟက်ကာအုပ်စုက Apple, Facebook, Twitter တို့ကို တိုက်ခိုက်ခဲ့ဟုဆို

Thursday, February 21, 2013

Apple, Facebook နှင့် Twitter တို့ ဆိုက် ဘာတိုက် ခိုက်မှု ခံခဲ့ရခြင်းမှာ အရှေ့ဥရောပမှ ဟက်ကာအုပ် စုတစ်ခု၏ လက်ချက်ဖြစ်ကြောင်း သတင်းထွက်ပေါ် သည်။ အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုနှင့် နီးစပ်သည့် အမည် မဖော်ပြ သူနှစ်ဦးက Bloomberg သို့ ပြောကြားချက်အရ ဟက်ကာများသည် သုတေ သန ဆိုင်ရာများ၊ တီထွင်ဖန်တီးမှုများနှင့် အခြား ကိုယ်ရေးကိုယ်တာများ အပါအဝင် အွန်လိုင်း မှောင် ခိုဈေး ကွက်တွင် ပြန်လည် ရောင်းချနိုင်မည့် ကုမ္ပဏီအဖွဲ့အစည်းများ၏ လျှို့ဝှက် သတင်းအချက် အလက်များကို ရယူနိုင်ရန်အတွက် ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

http://www.planet.com.mm/news/read.cfm/id/21047

Planet Myanmar Network

No comments: