Friday, February 22, 2013

Apple လည်း ဟက်ကာ လက်ချက်မိ

Friday, February 22, 2013
အမေရိကန်ပြည်ထောင်စု အခြေစိုက် ကမ္ဘာကျော် Apple ကုမ္ပဏီ ကြီးဟာ ဟက်ကာတွေရဲ့ တိုက် ခိုက်ခြင်းခံခဲ့ ရပါတယ်။ ပန်းသီးကုမ္ပဏီရဲ့ ၀န် ထမ်းတွေဟာ Apple ရဲ့ Software စနစ်ကို အဆင့်မြှင့်တင်ဖို့ လုပ်စဉ်မှာ တိုက်ခိုက်ခံ ရတာကို သိခဲ့ရတာလို့ Apple ကုမ္ပဏီက ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောခဲ့ပါတယ်။ ဒါကြောင့် Apple ရဲ့ Mac Book ကွန်ပျူတာ တချို့ တော့ ထိခိုက်မှု ရှိခဲ့တယ်လို့ ရိုက်တာ သတင်းတပုဒ်မှာ ဆိုပါတယ်။ ဒါပေမယ့် Apple ရဲ့ အဆိုအရ Apple အသုံးပြုသူတွေရဲ့ သတင်း အချက်အလက်တွေတော့ ပေါက်ကြားမှု မရှိခဲ့ပါဘူးတဲ့။ အခုလိုတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ဟက်ကာတွေကို ခြေရာခံနေတယ်လို့ ဆိုပါတယ်။



Apple ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကလည်း အခုတလော ဆက်တိုက်လို ကျဆင်းနေပါတယ်။ အဲဒီလို ပန်းသီးရဲ့ ရှယ်ယာ ဈေးကျဆင်းမှုတွေ ရင်ဆိုင်နေရချိန်မှာ ဟက်ကာတွေရဲ့ လက်ချက်လည်း မိခဲ့တာဖြစ် ပါတယ်။

Apple ကုမ္ပဏီအနေနဲ့ အမေရိကန် FBI ဆိုက်ဘာ ထောက်လှမ်းရေးတွေနဲ့ အနီးကပ် ပူးပေါင်းဆောင် ရွက်နေတယ်လို့ ပြောပါတယ်။

အခုတလော ဆိုက်ဘာတိုက်ခိုက်မှုလို့ ခေါ်တဲ့ Hacking တွေ ဆက်တိုက်ဖြစ်နေတာပါ။ ထူးခြားတာ ကတော့ Apple ကို ပစ်မှတ်ထား တိုက်ခိုက်မှုနဲ့ လွန်ခဲ့တဲ့ လ က ဖေ့စ်ဘုတ်တိုက်ခိုက်ခံခဲ့ရမှုတို့ရဲ့ ခြေရာ လက်ရာတွေဟာ ထူးခြားတိုက်ဆိုင်စွာဘဲ တူညီနေတယ်လို့ ရိုက်တာ သတင်းတခုက ဆိုထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး တရုတ် သို့မဟုတ် တခြား နိုင်ငံ တခုခုကနေ ဖြစ်နိုင်တယ်လို့ သုံးသပ်ရေးသား ဖော်ပြထား ပါတယ်။

irrawaddyblog

No comments: