
ဆင်းဂါးဘီယာ ထုတ်လုပ်သည့် ဆင်းဂါးကော်ပိုရေးရှင်းသည် ကားလ်စဘာ့ဂ် ဘီယာကုမ္ပဏီနှင့်
ဈေးကွက်မဟာမိတ်အဖြစ် ပူးပေါင်းပြီးနောက်မြန်မာတွင် ဘီယာချက် စက်ရုံတစ်ခုတည်ထောင် သွားရန် ပြင်ဆင်နေကြောင်း သိရသည်။
ဆင်းဂါး၏ အာရှဒေသဆိုင်ရာ ဈေးကွက်တာဝန်ခံဒါရိုက်တာ ပီတီ ဘီရွန် ဘက်ကဒီက ဆင်းဂါးသည်
ထိုင်းတွင် ကားလ်စ်ဘာ့ဂ်ဘီယာကို နံပတ်တစ်ဖြစ်အောင် ဈေးကွက်မြှင့်တင်သွားမည်ဖြစ်ပြ
အမှတ်တံဆိပ် ဆင်းဂါးကိုလည်း ငါးနှစ်အတွင်း အာရှ၏ထိပ်တန်း အမှတ်တံဆိပ်သုံးခု၌ ပါဝင်အောင် ကြိုးစား
သွားမည်ဟု ဆိုသည်။
၎င်းက “ဒီနှစ်အတွင်း ထိုင်းနဲ့ အိမ်နီးချင်း အာဆီယံဈေးကွက်တွေမှာ ကားလ်စ်ဘာ့ဂ်ဘီယာကို အရောင်း
မြှင့်တင်သွားဖို့ ကျွန်တော်တို့ ဘတ် သန်း ၂၀၀သုံးသွားမှာ ဖြစ်ပါတယ်။ ပထမနှစ်အတွင်းမှာပဲ ကားလ်စ်
ဘာဂ်ဘီယာပမာဏ လီတာ ငါးသန်းရောင်းချရဖို့ မျှော်မှန်း ထားပြီး နောက် နှစ်တွေမှာတော့ တစ်နှစ်ကို ရောင်းအား
၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိတိုးဖို့ မှန်းထားပါတယ် ”ဟု ပြောကြားသည်။
ကားလ်စ်ဘာ့ဂ်ကုမ္ပဏီသည် အာဆီယံဒေသအတွင်းစက်ရုံရှစ်ရုံရှိထားပြီး ဗီယက်နမ်တွင် လေးခု၊လာအိုတွင်
နှစ်ခု၊ မလေးရှားနှင့် ကမ္ဘောဒီး ယားတွင် တစ်ခုစီ တည်ဆောက်ထားသည်။ယင်းစက်ရု့များမှ ထုတ်လုပ်နိုင်စွမ်းမှာ
တစ်နှစ် ဘီယာလီတာ ၁ ဒဿမ ၂၅ ဘီလီယံဖြစ်သည်။
ထိုင်းတွင်ရောင်းချမည့် ကားလ်စ်ဘာ့ဂ်ဘီယာများကိုမြန်မာနှင့်လာအိုရှိ ကုမ္ပဏီပိုင်စက်ရုံများမှ တင်သွင်း
ရောင်းချသွားမည်ဟု သိရသည်။ ခန့် မှန်းချက်များအရအာရှတွင် ဘီယာသောက်သုံးမှုနှုန်းများမှာ ၂၀၁၁ မှ
၂၀၁၆ အတွင်း နှစ်စဉ် ငါးရာခိုင်နှုန်းတိုးတက်မည်ဟုသိရသည်။
Ref: THE NATION
The Myanma Age
No comments:
Post a Comment