Sunday, February 24, 2013

မော်လမြိုင်တွင် မီးလောင်မှုတစ်ခုဖြစ်ပွား

Sunday, February 24, 2013
ဖေဖော်ဝါရီလ ၂၃ရက်နေ့ ည၁၂နာရီခွဲအချိန်မှစ တင်၍မော်လမြိုင်မြို့နယ်ရှိ ဖက်တန်းရပ်ကွက်၌ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားကြောင်း ယင်းရပ် ကွက်နေထိုင်သူ ကိုကျော်စံဝင်း၏ ပြောကြား ချက်အရ သိရသည်။ "စလောင်တာက ပလက်စ တစ်လုပ်ငန်း လုပ်ကိုင်တဲ့အိမ် ကနေစလောင်တာ။ သူတို့က ရေနံချီးလည်းလုပ်တယ်။ စလောင်တဲ့အိမ် ကတော့ ကုန်ပြီ။ ဘေးက သုံးထပ် အိမ်က နှစ်ထပ် နီးပါးလောင်သွားပြီ"ဟု ၎င်းက ပြောကြားသည်။ ယခုလက်ရှိအချိန်တွင် မီးလောင်ကျွမ်းမှုများဖြစ်ပွား လျက်ရှိရာ သက်ဆိုင်ရာမီးသတ် အဖွဲ့နှင့် ရပ် ကွက်နေပြည်သူ အချို့မှ ဆက်လက်ငြိမ်း သတ်နေကြောင်း သိရှိရပြီး ဆုံးရှုံးမှုတန်ဖိုးများနှင့် ပတ်သက်၍ မသိရသေးကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောပြချက်အရ သိရသည်။

TMA
ဓာတ်ပုံ-ကျော်စံဝင်း
The Myanma Age

No comments: