Thursday, February 14, 2013
ဒီအပတ်အင်္ဂါနေ့ မှာ ကုလသမဂ္ဂက အရေးယူပိတ် ဆို့ မှုတွေကိုဆန့် ကျင်ပြီး မြောက်ကိုရီယားနိုင်ငံက တတိယမြောက်နူကလီယားစမ်းသပ်မှုကို လုပ်လိုက် တဲ့ အတွက် တကမ္ဘာလုံးက အံသြ ထိတ် လန့် တုန်လှုပ် ခဲ့ ရပါတယ်။ အဂါင်္နေ့မနက်မှာ ကိုရီးယားကျွန်းဆွယ် မြောက်ကိုရီးယားနိုင်ငံဘက် က ရစ်ခ်ျတာစကေး ၅ ဒဿမလောက်ရှိ တဲ့ မြေင လျင်တုန်ခါမှူကြီးပေါ်ပေါက်ခဲ့ပါတယ်။ သံသယဖြစ် စရာကောင်းတာ ကအဲဒိငလျင်က အရင်မြောက် ကိုရီးယားမြေအောက် နျူကလီးယား စမ်းသပ် မှု နှစ်ကြိမ် လုပ်ခဲ့ တဲ့ နေရာနားက လာတာပါ။
ဖြစ်ဖြစ်ချင်းပဲ ကိုရီးယားနဲ့ အမေရိကန် ၊ဂျပန်နိုင်ငံတို့ က သိပ္ပံပညာရှင်တို့ က ဒါဟာ သာမန်ငလျင်မ ဟုတ်ဘဲမြေအောက် နျူကလီးယားစမ်းသပ်မှု တခုသာဖြစ်တယ်လို့ တထစ်ချပြောခဲ့ပါတယ်။
အဲဒိနောက်မှာတော့ မြောက်ကိုရီးယားကိုယ်တိုင်က တတိယ နျူကလီးယား စမ်းသပ်မှုကိုသူ တို့ အောင်မြင် စွာ လုပ်ခဲ့ ကြောင်း ကမ္ဘာကိုကြေညာလိုက်ပါတယ်။
မြောက်ကိုရီယားရဲ့ ထီမထင်တဲ့ လုပ်ရပ်ကိုရန်ဘက်နိုင်ငံတွေဖြစ်တဲ့တောင်ကိုရီးယား၊ဂျပန်နဲ့ အမေရိကန်နိုင်ငံတို့ သာမက
သူ့ ကိုအမြဲ ထောက်ခံနေတဲ့ တရုတ်နိုင်ငံကိုတောင်ဒေါသထွက်ခဲ့ ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်တဲ့ ကြေညာချက်ထဲမှာသူတို့ အနေနဲ့ မြောက် ကိုရီယား ရဲ့ နျူက လီးယားစမ်းသပ်မှုကိုလုံးဝဆန့် ကျင်ပြီး နျူကလီးယား လက်နက်ကိုရုပ်သိမ်းဖို့ နဲ့  အခြေအနေတွေကို ပိုဆိုးစေမယ့် အခုလို လုပ်ရပ်တွေမလုပ်ဖို့ မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန် တိုက်တွန်းတယ် လို့ ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတ ဘားရတ်အိုဘားမားကမြောက်ကိုရီးယားရဲ့ အပြုအမှုဟာ ကုလသမဂ္ဂရဲ့ မှုဝါဒတွေကို ဆန့် ကျင်တဲ့ ခြိမ်းခြောက်စော်ကားမှူဖြစ်တဲ့ အတွက်ကုသသမဂ္ဂက ဦးဆောင်တုံ့ပြန်ရမယ်လို့ ပြောကြား လိုက်ပါတယ်။
ကုသလမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း အခုလို နိုင်ငံတကာရဲ့ အရေးယူမှုကို ဆန့် ကျင်ပြီး မြောက် ကိုရီယားက နျူကလီးယား စမ်းသပ်ခဲ့ တာဟာ စော်ကားတဲ့ အပြုအမှုတ ရပ်လို့ ပြောကြားပြီး ရှုတ်ချခဲ့ ပါတယ်။
ဒီအချိန်မှာပဲ မြောက်ကိုရီးယားနဲ့ အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံကတော့ သူတို့ ရဲ့ စစ်အင်အားတွေကို တိုးချဲ့ ပြီး အသင့် ပြင်လိုက်ပါပြီ။
တကယ်တော့ မြောက်ကိုရီးယားဟာ ရာသီဥတုကဆိုး စီးပွားရေးက မကောင်းတဲ့ အပြင် အရေးယူပိတ် ဆို့ မှုတွေ ခံထားရတဲ့ အတွက် ပြည်သူတွေ အငတ်ဘေးဆိုက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။သူ့ ကိုထောက် ခံတာဆိုလို့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံပဲ ရှိပါတယ်။
အခုလို နျူကလီးယား လက်နက်စမ်းသပ်တယ်ဆိုတာ အမေရိကန်ဒေါ်လာ သန်းနဲ့ ချီကုန်ကျပါ တယ်။ကိုယ့် ပြည်သူတွေ စားစရာမရှိတဲ့ အချိန်မှာ အခုလို မြောက်ကိုရီးယားကကုန်ကျစရိတ်ကြီးတဲ့  အနုမြူလက်နက်ကို စမ်းသပ်တာဟာအမျိုးသားရေးစိတ်ကို ဂုဏ်တင်ဖို့ နဲ့ သူ့ အချုပ်အခြာ အာဏာကိုကာ ကွယ်ဖို့ ဖြစ်နိုင်တယ်လို့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာဗြိတိန်နိုင်ငံ သံအမတ်ဟောင်း John Everard က CNN သတင်းဌာနကိုပြောပါတယ်။
"သူတို့ အနေနဲ့ လစ်ဗျားနဲ့ အီရတ်နိုင်ငံတွေ ဘာတွေဖြစ်ခဲ့သလဲဆိုတာ တွက်ချက်လိမ့်မယ်။ အဲဒါကြောင့် ကိုယ့်မှာ နျူကလီယား လက်နက် ရှိရင် အမေရိကန် ဦးဆောင်တဲ့  စစ်ရေးကျူးကျော်မှု ကနေ ဘေး ကင်းလိမ့်မယ်လို့ သူတို့ က ယူဆတယ်။သူတို့ အမြင်ကတော့ ကိုယ့်ဖာသာသာ ကာကွယ်တာပေါ့ ' လို့John Everard က ဆိုပါတယ်။
ဒါပေမဲ့ မမျှော်လင့်ဘဲ လက်တလောမှာတော့ သူတို့ ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့  တရုတ်နိုင်ငံ က ထောက်ခံပံ့ပိုးတာကိုဆုံးရှံးဖို့ အလားအလာရှိပြီး နိုင်ငံတကာက အသင့် အနေအထားနဲ့ အ ထူးစောင့်ကြည့်မှုကိုသာ ခံရဖို့ ရှိပါတယ်။
Burma-Newselite

No comments:
Post a Comment