Thursday, 07 February 2013
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် အာဆီယံနိုင်ငံ များ အပါအ၀င် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ခရီးသွား များအား ဆိုက်ရောက်ဗီဇာ သုံးမျိုးအား ခွင့်ပြုပေး လျက်ရှိရာမှ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင် ကာ နိုင်ငံပေါင်း ၂၂ နိုင်ငံအား ထပ်မံတိုးမြှင့် ခွင့် ပြုပေးလိုက်သည်ဖြစ်ရာ ယခုအခါအဆို ပါ လေ ဆိပ်များ၌ နိုင်ငံပေါင်း ၄၈ နိုင်ငံအား ဆိုက်ရောက် ဗီဇာ ခွင့်ပြုဆောင်ရွက်ပေးလျက် ရှိသည်ဟု သိရ သည်။လုပ်ငန်းဗီဇာ၊ ပြည်ဝင်ဗီဇာ၊ ဖြတ်သန်းဗီဇာ စသည့် ဆိုက်ရောက်ဗီဇာ ၃ မျိုးအား ရန်ကုန် အပြည်ပည်ဆိုင်ရာ လေဆိပ်တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ စတင်၍ လည်းကောင်း၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ လည်းကောင်း ခွင့်ပြုဆောင်ရွက်ပေးရာမှ ယခုလ ၁ ရက်နေ့မှစ၍ အဆိုပါ လေဆိပ်များ၌ နိုင်ငံပေါင်း ၂၂ နိုင်ငံအား ထပ်မံတိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုပါသည်။
ထပ်မံတိုးမြှင့်ခွင့်ပြုသော နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ သြစတြီးယား၊ ချက်သမ္မတနိုင်ငံ၊ အိုင်ယာလန်၊ မော်လ် တာ၊ စလိုဗက်ကီးယား၊ ဘယ်ဂျီယံ၊ အက်စ်တိုးနီးယား၊ အစ္စရေး၊ နယ်သာလန်၊ စလိုဗေးနီးယား၊ ဘူလ်ဂေးရီးယား၊ ဖင်လန်၊ လက်ဗီးယား၊ ပိုလန်၊ ကနေဒါ၊ ဂရိ၊ လစ်သူရေးနီးယား၊ ပေါ်တူဂီ၊ ဆိုက်ပရက်စ်၊ ဟန်ဂေရီ၊ လူဇင်ဘတ်နှင့် ရိုးမေးနီးယားနိုင်ငံတို့ ဖြစ်ကြသည်။
"အခု တိုးမြှင့်ဆောင်ရွက်ပေးတဲ့ နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ ဥရောပနိုင်ငံ အများစု ပါဝင်လာပါတယ်။ အခုဆိုရင် ဆိုက်ရောက်ဗီဇာ ပြုလုပ်ပေးတာ စုစုပေါင်း ၄၈ နိုင်ငံအထိ ရှိလာပြီမို့ စီးပွားရေး အခွင့်အလမ်းတွေ ပိုမိုပွင့်လင်းလာပြီး ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာအောင် ရည်ရွယ်ပြီးတော့ဆောင်ရွက်ပေးရခြင်း ဖြစ်ပါတယ်" ဟု မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တာဝန်ခံ အရာရှိ ဦးသန်းဝင်းက ပြောကြားပါသည်။
ဆိုက်ရောက်ဗီဇာ ခွင့်ပြုသော နိုင်ငံများအား စတင်တိုးမြှင့် ဆောင်ရွက်သည့်ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ လာရောက်သော ခရီးသည် ၇၀ ဦးအား လက်ခံပြုလုပ် ပေးနိုင်ခဲ့သည်ဟု သိရှိရသည်။
eleven media group

No comments:
Post a Comment