Friday, February 15, 2013

သီလ၀ါ စီမံကိန်းနဲ့ လယ်သမားများ

သီလ၀ါအထူးစီးပွားရေးစီမံကိန်းအတွက်သန်လျင်နဲ့ ကျောက် တန်းမှာရှိတဲ့ ရွာတွေ ဖေဖော်ဝါရီ ၁၄ရက်နေ့ အပြီး မပြောင်းရွှေ့ပေးရင် အရေးယူမယ်ဆိုတဲ့ အစီအစဉ်ကို လယ် သမားတွေနဲ့ညှိုနှိုင်းပြီး ပြေလည်တဲ့အချိန်ထိစောင့် ဆိုင်းမယ် လို့ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာနမှ ပြည်ထောင်စု ဒုတိယ၀န်ကြီး၊ သီလ၀ါအထူးစီး ပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးဆက်အောင် ကပြောကြား လိုက်ပါတယ်။ သီလ၀ါအထူး စီးပွားရေးဇုန် စီမံကိန်း အတွက် သန်လျင်နဲ့ကျောက်တန်းမှာရှိတဲ့ရွာအများ
အပြားနဲ့လက်ရှိလုပ်ကိုင်နေသော လယ်မြေများကို ၁၄ ရက် အတွင်းဖယ်ပေးရန် မဖယ်ပေးပါက ထောင်ဒဏ် ရက် ၃၀ ကျခံရမယ်လို့ သန်လျင်နှင့် ကျောက်တန်းမြို့နယ် အာဏာပိုင်
များက ဇန်န၀ါရီ လ ၃၁ ရက်နေ့တွင် ကြေညာခဲ့တာပါ။ ဂျပန်နိုင်ငံနဲ့ ပူးပေါင်း လုပ်ဆောင်မယ့် သီလ၀ါ အထူးစီး ပွားရေးဇုန်စီမံကိန်းအတွက် လိုအပ်မယ့် မြေပမာဏကို အတိ အကျထုတ်ပြန်ထားခြင်းမရှိသော်လည်း လတ်တလောရွှေ့ပြောင်းရန် ညွှန်ကြားထားတဲ့ ကျေးရွာနဲ့ လယ်ယာမြေများအရ ဧက ၇,၀၀၀ နီးပါး ရှိမှာလဲဖြစ်ပါတယ်။

သန်လျင်မြို့နယ်နဲ့ ကျောက်တန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများကတစ်ဆင့် ရွာတွေကို ပေးပို့ထားတဲ့ စာအရ သန်လျင်မြို့နယ် မှာ ၂,၆၆၅ ဒသမ ၃၉ ဧက နဲ့ ကျောက်တန်းမြို့နယ်၌ ၄၂၃၃ ဒသမ၁၉ ဧကတို့ကို သိမ်းယူမယ်လို့သိရပါတယ်။

အဲဒီဖယ်ရှားပေးရမယ့် ကျေးရွာတွေကတော့ သန်လျင်မြို့နယ်မှာ လက်ယက်စမ်း ကျေးရွာ၊ သီလ၀ါကျေးရွာ၊ အလွမ်း ဆွတ်ကျေးရွာ၊ ဘုရားကုန်းကျေးရွာနဲ့ အလွမ်းဆွတ်ကျေးရွာတို့ကျောက်တန်းမြို့နယ်မှာဆိုရင် သီတာမြိုင်ရပ်ကွက်မှ လယ်သမားတွေက လယ်မြေတွေပေါ်ကသာ ဖယ်ပေးရမှာဖြစ်ပါတယ်။

DVB TV News

No comments: