Thursday, February 14, 2013

ကာဂျစ်စတန်သမ္မတဟောင်း ရာထူးယူစဉ်ကာလအတွင်း အာဏာအလွဲသုံးမှုဖြင့် ထောင်ဒဏ် ၂၄ နှစ်ချမှတ်ခံရ

 Thursday, February 14, 2013
ကာဂျစ်စတန်သမ္မတဟောင်း ကာမန်ဘက်ခ်ဘာကီ
ယက်ဗ်သည် သမ္မတရာထူးယူ စဉ်ကာလအတွင်း အာဏာအလွဲသုံးမှုဖြင့် ထောင်ဒဏ် ၂၄ နှစ်ချမှတ် ခံခဲ့ရကြောင်း သိရသည် ကာဂျစ်စတန်တရား ရုံးသည် သမ္မတ၏ညီအကိုတော် စပ်သူ ဇန်ယက်ရှ် ကိုလည်း နိုင်ငံတော်လုံခြုံရေးဌာန အကြီးအကဲ အဖြစ်တာဝန်ယူစဉ် လူသတ်မှုနှင့် အခြာ့းပြစ်မှု များအတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ် ခဲ့သည်။ ၎င်းတို့ နှစ်ဦးအား စွဲချက်များတွင် ၎င်းတို့ ညီအကိုနှင့် အတူ ရာထူးမှပြုတ်ကျခဲ့သည့် ကာဂျစ် ထိပ်တန်း အာဏာပိုင်ဟောင်း မီဒတ်ဆတ်ဒယူယော့ ကို သတ်ဖြတ်ခဲ့မှုလည်း ပါဝင်သည်။



ကာဂျစ်စတန်သမ္မတဟောင်း ဘာကီယက်ဗ်သည်ပြီးခဲ့သည့် ၂၀၁၀ ၌ လူထု၏တော်လှန်မှုကြောင့် ရာထူး မှ ပြုတ်ကျကာ တိုင်းပြည်မှ ထွက်ပြေးပြီးဘေလာရုစ်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခဲ့သည်။

ကာဂျစ်စတန်သည် တစ်ခါက ဆိုဗီယက်ပြည်ထောင်စုဟောင်းမှ ခွဲထွက်လာခဲ့သောနိုင်ငံများတွင် အ တည်ငြိမ် ဆုံးနှင့် လစ်ဘရယ်အကျဆုံး တိုင်းပြည်အဖြစ်သတ်မှတ်ခံခဲ့ရသော်လည်း ၂၀၀၅ တွင် လူထု၏့ဖြုတ်ချ မှုကြောင့် သမ္မတ အက်စကာ အကာယက်ဗ့်ပြုတ်ကျကာ ဘာကီ ယက်ဗ်က အာဏာရ လာခဲ့သည်။

သို့သော်၎င်းသည်လည်း အာဏာရချိန်တွင် နိုင်ငံရေးအရရှေ့မဆက်နိုင်ဘဲ တန့်နေမှုနှင့် အတိုက်အခံပါ တီများကို ဖိနှိပ်မှုတို့ကြောင့် ခြစားခြင်း၊ အာဏာရှင်ဆန်လာခြင်းတို့ဖြင့် အတိုက်အခံများ၏ဝေ ဖန်မှုခံခဲ့ရ သည်။ ထို့နောက် ၂၀၁၀ဧပြီတွင် လူထုဆန္ဒပြမှုများမှုကို နှိမ်နှင်းရာတွင် လူပေါင်း၈၀ သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့ရာမှ အုံကြွမှုဖြစ်ပေါ်ကာနိုင်ငံမှ ထွက်ပြေးပြီး ဘေလာရုစ်တွင် ခိုလှုံခဲ့သည်။

၎င်းကို ဖမ်းဆီးမိပြီးနောက် ကာဂျစ်စတန်တရားရုံးက လူအစုံအပြုံလိုက်သတ်ရန်စီစဉ်မှု၊ လက်နက်မပါသည့်
ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ပစ်ခတ်ရန် စစ်တပ်အားခိုင်းစေခဲ့မှုများဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။

Ref: BBC
The Myanma Age

No comments: