Friday, February 08, 2013

မြ၀တီ စီးပွားရေးဇုံအတွက် ထိုင်းဘက်က လျှပ်စစ် ပိုမိုဝယ်ယူ

Friday, February 08, 2013
မြန်မာနိုင်ငံ ၏ ဒုတိယ အကြီးဆုံး နယ်စပ်ကုန် သွယ်ရေး စခန်း တည် ရှိရာမြ၀တီမြို့ တွင် နေ့ စဉ်ကြုံတွေ့ နေရ သည့် လျှပ်စစ်စွမ်းအား မလောက် ငှမှုပြဿနာကိုဖြေရှင်းနိုင်ရန် အတွက် မြန်မာ သွင်း ကုန် ထုတ်ကုန် လုပ်ငန်းကုမ္ပဏီတ ခုက ထိုင်းနိုင်ငံ မှလျှပ်စစ်ဓါတ်အားများကို တိုးမြှင့်ဝယ်ယူလိုက်သည် ။ မြန်မာကုမ္ပဏီ တခုဖြစ်သည့် National Gripline Co .Ltd က မြ၀တီမြို့တွင်သုံးစွဲရန် ထိုင်းနိုင်ငံမှ လျှပ်စစ် ဓါတ် အား ၆ မီဂ္ဂ၀ပ်ကိုဝယ်ယူသည့် သဘောတူ လက်မှတ်ရေးထိုးမှုကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြုလုပ်
ခဲ့ခြင်းဖြစ်သည်။

၎င်းကုမ္ပဏီ၏ ဒါရိုက်တာဒေါ်သင်းသင်းမြတ်က”ကျမတို့ကုမ္ပဏီကနေမြ၀တီမြို့မှာလိုအပ်နေတဲ့ လျှပ်စစ် ဓါတ် အားအတွက် ထိုင်းဘက်ကနေတိုးမြှင့်ဝယ်ယူတာဖြစ်တယ် အဓိကဒေသဖွံ့ဖြိုးတိုးတက်ဘို့အတွက် ဖြစ် တယ်”ဟု သတင်းထောက်များကိုပြောသည်။

မြ၀တီမြို့သည်ထိုင်းဘက်မှလျှပ်စစ်စွမ်းအင်ကို အသုံးပြုလျှက်ရှိပြီး ယခင်က ၄ မီဂ္ဂ၀ပ်ခွဲကို အသုံးပြုနေရာ မှ လောက်ငှမှုမရှိသည့်အတွက် လိုအပ်သည့်ပမာဏဖြစ်သည့် ၆ မီဂ္ဂ၀ပ်ကိုဖြည့်စွက်ဝယ်ယူ ရခြင်းဖြစ် သည်ဟုလည်း ဒေါ်သင်းသင်းမြတ်ကဖြည့်စွက်ပြောကြားသည်။

မြ၀တီမြို့နယ်အတွင်းသုံးစွဲရန်အတွက်ထပ်မံဝယ်ယူသည့်ပမာဏသည် လုံလောက်မှုရှိသော်လည်း လက်ရှိ အကောင် အထည်ဖေါ်နေသည့် မြ၀တီ စီးပွားရေးဇုန်အတွက်ပါ သုံးစွဲမည်ဆိုပါက လောက်ငှမှုရှိမည် မဟုတ် ဟုသိရသည်။

ထိုင်းနိုင်ငံမှဝယ်သည့်လျှပ်စစ်စွမ်းအားကို မြ၀တီမြို့တွင် တယူနစ်ကို ထိုင်းငွေ ၄.၃၀ ဘတ်ဖြင့် ပြန် လည်ရောင်း ချခြင်းဖြစ်ပြီး ဆေးရုံနှင့်ဌာနဆိုင်ရာများကို အခမဲ့ဖြန့်ဖြူးပေးခြင်းဖြစ်သည်ဟု ဒါရိုက်တာ အဖွဲ့ဝင် တဦးဖြစ်သည့် ဦးတင်အောင်ကပြောသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်စွမ်းအားကို လုံလောက်စွာထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ဒေသများတွင် ထိုင်းနိုင်ငံမှလျှပ်စစ်စွမ်းအားကိုသာ သုံးစွဲနေကြရသည် ဟု ဒေသခံ များကပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြ၀တီ၊ဘုရားသုံးဆူ၊တာချီလိတ်၊ကယားပြည်နယ်ရှိနယ်စပ်အချို့တို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်စွမ်းအားကို အဓိက၀ယ်ယူသုံးစွဲနေကြရသည်ရသည်မှာ ၁၅ နှစ်ဝန်းကျင်ခန့်ရှိပြီးဟု ထိုင်းဘက် သို့ ကျောက်မျက်ရတနာတင်ပို့ရောင်းချသည့် ဦးစိုင်းလုံကပြောသည်။

မဲဆောက်တွင်ယနေ့ပြုလုပ်သည့် လျှပ်စစ်ဓာတ်အားဝယ်ယူခြင်း သဘောတူလက်မှတ်ရေးထိုးခဲ့သူ ထိုင်းနိုင်ငံ လျှပ် စစ်အာဏာပိုင်များအဖွဲ့၏ ညွှန်ကြားရေးမှူးနိုင်နမ်ချိုင်းလော်ဝထနတကွန်း က "ထိုင်းဘက် ကနေ လက်ရှိမြ၀တီအပါအ၀င် မြန်မာနယ် စပ်ဒေသ ၅ နေရာကို လျှပ်စစ်ဓါတ်အားတွေရောင်း ချပေးနေပါ တယ်။ မြန်မာနိုင်ငံရဲ့ပွင့်လင်းလာမှုအရ မကြာ ခင်မှာ လက်ရှိပမာဏထက်ကို ထပ်ပြီးရောင်းချရ ဘို့ရှိ တယ်” ဟုသတင်းထောက်များကိုပြောသည်။

သဘောတူစာချုပ်ရေးထိုးပွဲသို့တက်ရောက်လာသည့် ထိုင်းပြည်ထဲရေးဝန်ကြီး နိုင်ကျလုဖုန်းလေးယမ်းစို့ဝမ် က ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးသည် ဒေသအတွင်းအချက်အခြာကျပြီး နှစ်နိုင်ငံအတွက် အခွင့် အလမ်း အများအပြားရှိသည်ဟုပြောသည်။

မြန်မာရေလုပ်ငန်းကုန်သည်ဦးမျိုးက”မြ၀တီနယ်စပ်ကုန်သွယ်ရေးမှာ တဘက်နိုင်ငံနဲ့ယှဉ်နိုင်ဘို့အတွက် လျှပ်စစ် စွမ်းအားကအဓိကကျတယ် မြ၀တီမှာကုန်သည်နဲ့လုပ်ငန်းရှင်တွေကို အခက်အခဲဖြစ်စေတာက လျှပ်စစ်မီးဘဲ”ဟု ဆိုသည်။

မြ၀တီမြို့တွင်ထိုင်းလျှပ်စစ်မီးကို အသုံးပြုလာသည်မှာ ၁၅ နှစ်ခန့်ရှိပြီး မြန်မာနိုင်ငံ လျှပ်စစ်ဝန်ကြီးဌာန၏ မဟာ ဓါတ်အားလိုင်းမှဖြန့်ချီမည့် မြန်မာလျှပ်စစ်စွမ်းအား ဒေသအတွင်းမရောက်ရှိသေးသ၍ ထိုင်း လျှပ်စစ်စွမ်းအင်ကိုသာ ဆက်လက်အသုံးပြုနေရအုံးမည်ဟုမြ၀တီအခြေစိုက်မီဒီယာသမားတဦးက ဧရာဝတီ သတင်းဌာနကိုပြောသည်။

irrawaddy


No comments: