Thursday, February 07, 2013

အစိုးရနှင့် ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အပြု သဘော ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

Thursday, 07 February 2013
တရုတ်ပြည် သည် မြန်မာ အစိုးရနှင့် ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)တို့ အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်အပြုသဘောအခန်း ကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင် ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က ပြောကြား လိုက်သည်။ မြန်မာအစိုးရနှင့် ကေအိုင်အိုအဖွဲ့ တို့ သည် ပြီးခဲ့သည့် တနင်္လာနေ့ဖေဖေါ်ဝါရီ ၄ ရက်နေ့က ရွှေလီတွင် တရုတ်၏စေ့စပ်ပေးမှုဖြင့်တွေ့ ဆုံ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ တရုတ်နိုင် ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ် ဟွာချွန်ယင်းက ထိုတွေ့ ဆုံမှုသည် ၂၀၁၁ ဇွန်တွင် အပစ် အခတ် ရပ်စဲရေးပျက်ပြား ကာပဋိပက္ခ စတင်ဖြစ်ပေါ် လာပြီးနောက် နှစ်ဘက်စလုံးအတွက် တိုက်ရိုက်ဆက်ဆံရေးများပြုလုပ်သွားရန်ပထမဆုံး သဘောတူညီမှု ရခဲ့ခြင်းလည်း ဖြစ်သည်။



တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာအကြီးအကဲလွှာကျောက်ဟွီ သည် တနင်္လာနေ့ ဆွေးနွေး ပွဲများ မစခင်တွင်မြန်မာအစိုးရနှင့် ကေအိုင်အို ကိုယ်စားလှယ်များကို အရင်တွေ့ ဆုံခဲ့ပြီး ဆွေးနွေး ပွဲပြုလုပ်စဉ်တွင်လည်း သက်သေတစ်ဦး အဖြစ် တက်ရောက်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဟွာချွန်ယင်းကလည်း “အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးေ ဆွးနွေးပွဲတွေအပါအဝင် အရေးပါတဲ့ ကိစ္စတွေမှာ အော်မြင်မှုတွေရခဲ့တဲ့အတွက် နှစ်ဘက်စလုံးကို တရုတ်က ချီးကျူးဂုဏ်ပြုကြောင်း ပြောလိုပါတယ်။ ဆက်ဆံရေးတွေကို ထိန်းသိမ်းပြီး ရည်မှန်းချက်တွေ ကို ပြည့်ဝအောင် လုပ်သွားကြမယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

The Myanma Age

No comments: