Tuesday, February 19, 2013

လှည်းတန်းခုံးကျော်တံတား သံပေါင်တပ်ဆင်မည်ဖြစ်၍ မြို့ထဲမှ ပြည်လမ်း၊ အင်းစိန်လမ်း၊ လှည်းတန်းလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းများသို့ အသွားအပြန် လမ်းကြောင်းများ နာရီအနည်းငယ် ပိတ်မည်

Tuesday, February 19, 2013
လှည်းတန်းခုံးကျော်တံတား သံပေါင်တပ်ဆင်ခြင်း လုပ်ငန်း ပြုလုပ်မည်ဖြစ်သောကြောင့် မြို့ထဲဘက် မှ ပြည်လမ်း၊ အင်းစိန်လမ်း၊ လှည်းတန်းလမ်း၊ တက္ကသိုလ်ရိပ် သာလမ်းများသို့ အသွားအပြန် လမ်းကြောင်းများကို နာရီအနည်းငယ် ပိတ်ထား မည်ဖြစ်ကြောင်း သိရှိရသည်။ လှည်တန်းခုံးကျော် တံတား တည်ဆောက်နေသည့် လှည်းတန်းလမ်း ဆုံတွင် တံတားသံပေါင် တပ်ဆင်ခြင်း လုပ်ငန်း အား ဖေဖော်ဝါရီ လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ညစဉ် ၁၁ နာရီမှ နံနက် ၄ နာရီအ ထိ ပြုလုပ် မည်ဖြစ်သောကြောင့် ယင်းအချိန်အတွင်း အဆိုပါ လမ်းကြောင်းများကို ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။



မြို့ထဲဘက်မှ တက္ကသိုလ်ရိပ်သာလမ်း (အသွား၊ အပြန်)၊ မြို့ထဲမှ ပြည်လမ်း (အသွား၊ အပြန်)၊ မြို့ထဲမှ အင်စိန်လမ်း (အသွား၊ အပြန်) ၊ မြို့ထဲမှ လှည်းတန်းလမ်း (အသွား၊ အပြန်) လမ်းကြောင်းများ အပြင် တက္ကသိုလ်ရိပ်သာလမ်းမှ အင်းစိန်လမ်း (အသွား၊ အပြန်)၊ တက္ကသိုလ်ရပ်သာလမ်းမှ လှည်းတန်းလမ်း (အသွား၊ အပြန်)၊ ပြည်လမ်းမှ လှည်းတန်းလမ်း (အသွား၊ အပြန်)၊ ပြည်လမ်းမှ တက္ကသိုလ်ရိပ်သာလမ်း (အသွား)၊ အင်စိန်လမ်းမှ ပြည်လမ်း (အသွား)နှင့် လှည်းတန်းလမ်းမှ အင်းစိန်လမ်း(အသွား)တို့ကို ပိတ်ထားမည်ဟု နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ထားသည်။

လှည်းတန်းခုံးကျော်တံတားအား ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ပန္နက်တည်ဆောက်ခဲ့ကာ တံတားဆည်ဆောက်မှု လုပ်ငန်းများ ပြုလုပ်နေစဉ်၌ ယာဉ်ကြောပိတ်ဆို့မှုများလည်း အများအပြား ဖြစ် ပွားနေကြောင်း သိရသည်။ တံတားအား လာမည့် ဧပြီလတွင် အပြီးသတ် တည်ဆောက်သွားမည်ဟု တံတားအား တာဝန်ယူတည်ဆောက်သည့် ရွှေတောင်ကုမ္ပဏီမှ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - လှည်းတန်းခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်းအားတွေ့ရစဉ်

Eleven Media Group

No comments: