Thursday, February 07, 2013
၆-၂-၂၀၁၃ ရက်နေ့ ၁၄၅၀ အချိန် ရှမ်းပြည် နယ်၊ တောင်ကြီးမြို့၊ မြို့မဈေးကြီးအပေါ်ထပ်ရှိ ““မြတ်””ရှော့ပင်းစင်တာ၊ အခန်းအမှတ်(စီ-၃)တွင် ကက်သရင်းအထည်ဆိုင် ဖွင့်ရန်အတွက် ဆိုင်ခန်း ဆိုင်း ဘုတ်အား တောင်ကြီးမြို့၊ စ၀်စံထွန်းရပ် ကွက်နေ ရဲနောင်ထက်(၂၄)နှစ်မှ ၀ရိန်တို့ရာတွင် ဆိုင်ရှိ ကော်ဇောပေါ်သို့ မီးပွားများလွင့်စင်ကျပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ အခင်းဖြစ်အရပ်သို့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့ နယ် မီးသတ်ဦးစီးမှူးဦးစီး မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ စုစုပေါင်းအင်အား(၂၅၈)ဦးမှ မီးသတ်ယာဉ်(၄)စီးဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ရာ ၁၅၀၀ အချိန် မီးငြိမ်းသွားခဲ့ပြီး လူထိခိုက်မှုမရှိသော်လည်း တန်ဘိုးငွေကျပ်(၃၀,၀၀၀)ခန့် မီးလောင် ဆုံးရှုံးခဲ့သည်။ မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ ရဲနောင်ထက် အား တောင်ကြီးအမှတ်(၁)ရဲစခန်း (ပ)၃၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:
Post a Comment