Tuesday, February 26, 2013

တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲက ဘာတွေ ထူးလဲ

Tuesday, February 26, 2013
မြန်မာနိုင်ငံ လုံးဆိုင်ရာ တောင်သူလယ် သမား များ နှီးနှယ်ဖလှယ်ပွဲကို ဖေဖော်ဝါရီ ၂၅၊ ၂၆ ရက် တွင် ရန်ကုန်မြို့ရှိ EXCEL HOTEL ၁၀ လွှာတွင် ကျင်းပကာ တိုင်းနှင့် ပြည်နယ် ၁၄ ခုမှ တောင်သူ လယ်သမား ၁၅၀ ကျော်တက်ရောက် ခဲ့သည်။ ယင်းပွဲတွင် တောင်သူလယ်သမားများ မှ မိမိ၏ လယ်ယာပြသာနာနှင့်မိမိပြည်နယ်အတွင်းဖြစ်ပွားေ နသည့် လယ်ယာမြေ ပြသာနာများကို မည် ကဲ့သို့ လုပ်ဆောင်ကြမည်ကို ဆွေးနွေးသွားကြမည်ဖြစ် သည်။ အဆိုပါပွဲသို့ တက်ရောက်လာကြသည့် လယ်သမားများသည် သိမ်းဆည်းထားသည့် လယ်ယာမြေများကို အစိုးရ အနေနှင့် အမြန်ဖြေ ရှင်းပေးရန်၊ လယ်ယာမြေသိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင်သည် တိုင်းနှင့် ပြည်နယ် အနှံ့ မရောက် ရှိကြောင်း ယင်းပွဲသို့လာတက်သည့် လယ်သမားများက ဆိုသည်။

"ဒီလယ်သမား နှီးနှောဖလှယ်ပွဲကနေ ဘာတွေထူးခြားမှုတွေရရှိမှာလည်းဆိုတာ လာရတာပါ။ ကျနော်တို့ ကသာဘက်မှာတော့ လယ်သမားနဲ့ ကုမ္ပဏီကိစ္စမှာတော့ ထွေထွေထူးထူးမရှိပါဘူး။ ပြသာနာနည်းပါတယ်။ လယ်ယာသိမ်းတာတွေလည်းမရှိဘူး" ဟု ကသာမြို့နယ်မှ ဦးကျော်ဌေးက ဧရာဝတီသို့ပြောသည်။

irrawaddy



No comments: