Sunday, February 24, 2013
မြန်မာနိုင်ငံအတွင် ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများ အပါအ၀င်နေရာ အနှံ့အပြားတွင် ယနေ့ ခေတ် လူငယ်များ အတုယူ မမှားစေရန်နှင့် စိတ်ပိုင်းဆိုင်ရာ များ တိုးတက်စေရေး အတွက် ကာမ ဆန္ဒလှုံ့ဆော်စေသည့် ဆေးဝါးပစ္စည်းများအား လိုက်လံဖမ်းဆီးအရေး ယူမှုများ ပြုလုပ်နေလျှက် ရှိသော်လည်းရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို တွင်မူ လူစည်ကားရာ နေရာဖြစ်သော ညဈေး တန်းနေရာတွင် ရောင်းချနေလျှက် ရှိနေကြောင်း သိရှိရပါတယ်။
အဲဒီ ကာမလှုံ့ဆော်ဆေးများ ရောင်းချသည့် နေရာတွင် တောင်ကြီးမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးများရှိ သည့်အပြင် စည်ပင်သာယာရေးဦးစီးဌာန ၀န်ထမ်းများလည်းရှိနေကြောင်းနှင့် မည်သည့်အတွက်ကြောင့် ပိတ်ပင် တားဆီးခြင်းမရှိသည်ကိုမူ အသေးစိတ်မသိရှိရသော်လည်းအဆိုပါကာမ လှုံ့ဆော်ဆေးများ ရောင်း ချသည့်နေရာသို့ သားအမိ သားအဖ မောင်နှစ်မများ မသွားရဲဘဲ ရှိနေသော်လည်း အဆိုပါနေရာ သည် ဈေးသွားဈေးလာများအဖို့ မသွားလျှင် မရသောနေရာဖြစ်နေကြောင်း သိရပါတယ်။
တောင်ကြီးမြို့ပေါ်ရှိ သတင်းထောက်များမှာလည်း အဆိုပါကိစ္စအား သိနေ မြင်နေသော်လည်း သတင်းမရေးပဲ လျစ်လျူရှုထားပြီး အဓိကတာဝန်ရှိသော စည်ပင်သာယာရေးအဖွဲ့မှာလည်း ဈေးကောက် ရရင်ပြီးရော ဆိုသည့်စိတ်ဖြင့် လျစ်လျူရှုထားကြောင်း သိရှိရပါတယ်။
တောင်ကြီးတိုင်းမ်

No comments:
Post a Comment