Friday, February 08, 2013
( အခြေခံလစာ ကျပ် နှစ်သောင်းကျော် ရရှိသူတ ဦး ပြသနေတာကတော့ သူ့အလုပ်က ပေးတဲ့ လ စာ ဖြတ်ပိုင်း ဖြစ်ပါတယ်) ရန်ကုန်ကိုနယ်ကနေ ယာ ယီ ပြောင်းရွှေ့လာသူ၊ အပြီး ပြောင်းလာသူ အများ အပြား ရောက်နေကြပါတယ်။ ရန်ကုန်မြို့ကြီးမှာက အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများ တယ် မဟုတ်လား။ ဒါပေမယ့် ဘွဲ့လက်မှတ်၊ သင်တန်း ဆင်း လက်မှတ် ရှိသူတွေရဲ့ ဝင်ငွေ၊ လစာ နှုန်း ထားတွေ နိမ့်ကျနေသေးတယ်လို့ ရန်ကုန်မြို့မှာ အလုပ်လုပ် ကိုင်သူတွေက ပြောပါတယ်။ မီနီမတ် တခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မသူဇာက ပထဝီဘာ သာရပ်နဲ့ တက္ကသိုလ်ဘွဲ့ရသူပါ။ ကွန်ပြူတာအခြေခံနဲ့ စာရင်းကိုင် Level 2 ပြီးထားသူပါ။ ဧရာဝတီတိုင်းက လာပြီးတော့ အလုပ်လာလုပ်တာ တနှစ်လောက်ရှိပါပြီ။ မီနီမတ်တခုမှာ ကက်ရှာတယောက်အနေနဲ့ ဝင်လုပ် တဲ့ မသူဇာရဲ့ လစာက သောင်းဂဏန်းပဲ ရှိပါတယ်တဲ့။
“ဝင်ကာစမှာ ၇ဝ,ဝဝဝ လောက် ပေးတယ်။ တဖြည်းဖြည်းနဲ့ လစာတွက်နှုန်းက ဝန်ထမ်းတွေ နားမ လည်နိုင်လောက်အောင် ပြောင်းလဲပြီး တလစာနဲ့ တလမတူဘူး။ ဖြတ်တာတွေလည်း များလာတယ်။ (အခု) ၆ဝ,ဝဝဝကျော်ပဲရတော့တယ်” လို့ မသူဇာက ရှင်းပြပါတယ်။
“အလုပ်အကိုင် အပြောင်းအလဲ မလုပ်ချင်သေးတာနဲ့၊ တက်စရာ သင်တန်းတွေ မပြီးသေးတာနဲ့ ဒီလစာနဲ့ပဲ ရပ်တည်နေရတယ်။ အဆောင်စရိတ်၊ စားစရိတ်၊ ခရီးစရိတ်နဲ့ ဆိုတော့ ရပ်တည်ဖို့ မလွယ်ပါဘူး” လို့ ဆက်ပြီး ရင်ဖွင့်ပါတယ်။
နယ်ကလာပြီး အလုပ်လုပ်တဲ့သူတွေအတွက်ကတော့ ရန်ကုန်မှာ အဓိက ရင်ဆိုင်ရတာကတော့ နေစရာ အခက်အခဲ ဖြစ်ပါတယ်။
မြို့ထဲနဲ့ အနီးအနား ပတ်ဝန်းကျင် မြို့နယ်တွေမှာ နေမယ် ဆိုရင် အဆောင် ငှားခတွေက ၁ဝ,ဝဝဝ ကနေ ၂၅,ဝဝဝ ဝန်းကျင်လောက် ကျသင့်မှာပါ၊
ရန်ကုန်မြို့တွင်းနဲ့ အလှမ်းဝေးတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်တို့ ဘက်မှာတော့ တကိုယ်စာ နေထိုင် အိပ်စက်နိုင်တဲ့ အခန်းတခန်း ငှားခက ၁ဝ,ဝဝဝ အောက် ရှိတယ်လို့ သိရပါတယ်။
အလုပ်ရှာဖွေရာမှာ ဘွဲ့ရပြီးသူ တယောက်အနေနဲ့ကတော့ ရုံးဝန်ထမ်း၊ chaier၊ မာကတ်တင်း၊ အ ရောင်း ဆိုင်တွေမှာသာ အများဆုံးရရှိ
တာဖြစ်ပြီးတော့၊ တခြား ကျွမ်းကျင်မှုတွေ ဖြစ်တဲ့ ကွန်ပြူတာ၊ ဘာသာစကား၊ စာရင်းအင်းပညာ စတဲ့ တခုခုတတ်ကျွမ်းမှ လစာအတော်အတင့် ဝင်ငွေနဲ့ အလုပ်အကိုင်ရရှိတယ်လို့ အလုပ်အကိုင် ရှာဖွေရေး အေ ဂျင်စီတွေက ပြောပါတယ်။
“ကျွန်တော်တို့ဆီကို အလုပ်လျှောက်လွှာ လာတင်တဲ့ သူတွေအနေနဲ့ကတော့ ဘွဲ့ရပြီးသူ များပြီး ကွန်ပြူတာ အခြေခံလောက်ပဲ တတ်ကြတာဖြစ်တယ်။
သူတို့တွေ အတွက်ကတော့ လစာ ကောင်းတဲ့ အလုပ် အကိုင်က ရှားတယ်။ ဝင်ဝင်ခြင်း ငါးသောင်း ၊ ခြောက်သောင်းလောက်ပဲ ပေးကြတယ်။လစာ အတော်အသင့် ရချင်တဲ့ အလုပ် အတွက်ကတော့ အရည် အချင်းတွေ ဖြည့်ဖို့လိုပါသေးတယ်။ တချို့ လုပ်ငန်းကြီးတွေမှာ အလုပ်တွေ ခေါ်တဲ့အခါသူတို့ လိုချင်တဲ့ အရည်အချင်းမျိုး ရဖို့က ရှားနေတယ်” လို့ ကျောက်တံတားမြို့နယ်က ပြည်တွင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီက တာဝန်ရှိသူတဦးက ပြောပါတယ်။
“ပြည်တွင်းမှာ အလုပ်အများဆုံး လိုအပ်နေတာကတော့စာရင်းကိုင်အလုပ်များ ဖြစ်ပြီးတော့၊ အရောင်းမြှင့် တင်ရေးလုပ်ငန်း၊ စာစီစာရိုက်လုပ်ငန်း၊ ဒီဇိုင်းလုပ်ငန်း၊ဓါတ်ပုံပညာ လုပ်ငန်း၊ ဆေးရုံ၊ ဆေးခန်းဆိုင်ရာ လုပ်ငန်းစတဲ့အလုပ်အကိုင် တွေဟာ အလုပ်ပေါပါတယ်”လို့ သူက ပြောပါတယ်။
တချို့အလုပ်တွေကတော့ စာရင်းကိုင်သင်တန်း Level 2 အဆင့်လောက် တတ်မြောက် ပြီးတာတောင် လစာနှုန်းထားအနေနဲ့ ၆ဝ,ဝဝဝ၊ ၇ဝ,ဝဝဝ ကြားပဲ ရကြပါတယ်။ အန်ဂျီအို အလုပ်တွေကတော့ လူအများ စိတ်ဝင်စားတဲ့ အလုပ်ဖြစ်ပြီး ဘာသာစကား တတ်ကျွမ်းမှု အခက်အခဲကြောင့် လုပ်ကိုင်သူ နည်းပါးပါတယ်။
တနိုင်တပိုင် လုပ်ငန်းတွေဖြစ်တဲ့ ကားတာယာ အရောင်းဆိုင်တို့မှာ ဝန်ထမ်းတွေအဖြစ် အမျိုးသားတွေ ပညာအရည်အချင်း မလိုပေမယ့်လည်း၊ငွေစာရင်းကိုင်လို လုပ်ငန်းမျိုးကို အခြေခံ စာရင်းကိုင် တတ်ကျွမ်း တဲ့
သူတွေ ခန့်ထား ကြပြီး လစာနှုန်းထားကတော့ အခြေခံလစာ ဝင်ဝင်ခြင်း ၅ဝ,ဝဝဝ ရပြီး နောက်ပိုင်းမှာ ၈ဝ,ဝဝဝ အထိ တိုးမြင့်ပေးတယ်လို့ ဟံသာဝတီ အဝိုင်းက ကားတာယာ အရောင်းဆိုင်မှာ အလုပ်လုပ် ကိုင်သူ တဦး က ပြောပါတယ်။
“အလုပ်အချိန်ကတော့ မနက် ၈ ခွဲ အရောက်သွားရပြီးတော့ ည ၇ နာရီ၊ ၇ ခွဲ အထိ လုပ်ရတယ်။ လစာ အပြင် တခြားခံစားခွင့်တွေကတော့ နည်းပါးပါတယ်။ပိတ်ရက်က တပတ်တရက်ရပြီး အခါကြီးနေ့တွေ ပိတ်ပေးတာမျိုး မရှိပါဘူး။ အလုပ်ခွင်မှာ မပျော်ပေမယ့် ကိုယ့်ရပ်တည်ရတဲ့ အခြေအနေနဲ့၊ အပြောင်းအလဲ မလုပ်ချင်တာနဲ့၊ ဒီထက်ပိုဆိုးမှာ ကြောက်တာနဲ့ အလုပ်ထွက်ချင်ပေမယ့် ပေကပ်လုပ်နေရတယ် ” လို့ သူက ပြောပါတယ်။
irrawaddy

No comments:
Post a Comment