Wednesday, February 13, 2013

ဖုန်းဆင်းကတ် ၅ဝဝဝ ကျပ် အိပ်မက်မပြယ်၊ ရွှေပြည်တံခွန်ကုမ္ပဏီ ဟန်းဆက်စက်ရုံ တည်မည်

Wednesday, February 13, 2013
ဖုန်းဆင်းကတ် ကျပ်ငါးထောင်ဖြင့် ရောင်းချမည်ဟု ဆိုခဲ့သည့် ရွှေပြည်တံခွန်ကုမ္ပဏီသည် ယခုနှစ် အတွင်း ဟန်းဆက်စက်ရုံတည်ထောင် တော့ မည်ဟု သိရသည်။''ငါးထောင် တန်ဖုန်းကေ တာ့ အော် ပရေတာ လျှောက်ထားပါ တယ်။ လူကြီးတွေ ဆုံးဖြတ်ချက် အပေါ်ပဲမူတည်တယ်။ ဖုန်းစက်ရုံ ကတော့ ဒီနှစ်ထဲမှာပဲ ထုတ်လုပ် ရောင်း ချနိုင်တဲ့အဆင့်အထိ ဆောင် ရွက်သွားမှာ ပါ''ဟု ရွှေပြည်တံခွန် ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက် တာ ဦးလွင်နိုင်ဦးက ပြောသည်။

ဟန်းဆက်များ ထုတ်လုပ်ရာ တွင် ကုမ္ပဏီပိုင် နည်းပညာအပြင် နိုင်ငံခြားမှ နည်းပညာရှင်များကိုပါ ဖိတ်ခေါ်၍ ထုတ်လုပ်သွားမည်ဖြစ် ကြောင်း ၄င်းက ပြောသည်။



''ငါးထောင်တန် ဖုန်းထုတ် လုပ်ခွင့်ရခဲ့ရင်တော့ စက်ရုံအတွက် ပိုပြီး အဆင်ပြေမှာပါ။ ဒါပေမဲ့ လုပ်ခွင့် မရလည်း စက်ရုံတည် ထောင်မှာပါ။ လက်ရှိတော့ စက်ရုံ တည်ဆောက်ဖို့အတွက် မြေနေရာ နဲ့ နည်းပညာပိုင်းဆိုင်ရာကို လေ့ လာနေပါတယ်''ဟု ၄င်းက ဆက် ပြောသည်။

ဖုန်းစက်ရုံတည်ထောင်မည့် ရွှေပြည်တံခွန် ကုမ္ပဏီသည် ၂ဝ၁၂ ဇန်နဝါရီလတွင် ဖုန်းတစ်လုံးကို ကျပ်ငါးထောင်နှုန်းဖြင့် ရောင်းချပေးမည်ဟု တရားဝင်ထုတ်ပြန်ထားခဲ့ ပြီး ဖုန်းထုတ်လုပ် ရောင်းချခွင့်ကို နည်းပညာနှင့်ဥပဒေအရပါ ဖြစ်နိုင် ခြေမရှိကြောင်း မြန်မာ့ဆက်သွယ် ရေးမှ ထုတ်ပြန်ထားပြီးနောက် ငါးထောင်ဖုန်းသတင်းမှာ ပျောက်ကွယ်ခဲ့သည်။

လက်ရှိတွင် ရွှေပြည်တံခွန် ကုမ္ပဏီသည် ဆက်သွယ်ရေးကဏ္ဍအတွက် လုပ်ပိုင်ခွင့်တင်ဒါခေါ်ယူမှု ကို ဝင်လျှောက်ထားခဲ့ပြီး လုပ်ပိုင် ခွင့်ရရှိပါက ယခင် ထုတ်ပြန်ထား သည့်အတိုင်း ကျပ်ငါးထောင်နှုန်း ဖြင့် ဖုန်းများရောင်းချပေးမည်ဟု ယင်းကုမ္ပဏီမှသိရသည်။

အောင်ဇော်
Popular Myanmar News Journal

No comments: