Sunday, February 17, 2013
နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော MS Turanor Planet Solar ဟာ မိုနာကိုမြို့ ဟာကျူလီ ဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး ကမ္ဘာ တစ်ပတ် ခရီးစဉ်ကို အဆုံးသတ် ခဲ့ပါတယ်။ ဒီခရီး စဉ်ဟာ နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော တစ်စီး အတွက် ပထမဆုံး ကမ္ဘာ တစ်ပတ် ခရီးစဉ် အဖြစ်လည်း သတ်မှတ် ခံခဲ့ရ ပါတယ်။ ဒီသင်္ဘောမှာ စတုန်းရန်း မီတာ ၅၀၀ ခန့်ရှိ တဲ့နေရောင်ခြည် စွမ်းအင် ပြားတွေ တပ်ဆင်ပြီး တည်ဆောက်မှု ကုန်ကျစရိတ် ဒေါ်လာ ၁၆ သန်း ရှိခဲ့တယ်။ ဒီသင်္ဘောကို အလွန် ပေါ့ပါးတဲ့ ကာဘွန်ဖိုက်ဘာ ကိုယ်ထည်နဲ့ တည်ဆောက် ထားပြီး ဒီဇိုင်းကိုလည်း ရေခွဲအား အကောင်း ဆုံး ဖြစ်အောင် ဖန်တီး ထားပါ တယ်။ မြင်းကောင်ရေ ၂၆ ကောင်အား ရှိတဲ့ လျှပ်စစ် မော်တာ ၄ လုံး တပ်ဆင်ထားပြီး တစ်နာရီကို ရေမိုင် ၁၄ မိုင်နှုန်း မောင်းနှင် နိုင်ပါတယ်။ အရှည် ၁၁၅ ပေ ရှိပြီး အရှည်ဆုံး နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော စာရင်းဝင်လည်း ဖြစ်ပါတယ်။
ယခု ကမ္ဘာတစ်ပတ် ခရီးစဉ် အတွက် အချိန် ၅၈၅ ရက်ကြာ ခရီးနှင်ခဲ့ ရတယ်လို့ ဆိုပါတယ်။ MS Turanor PlanetSolar သင်္ဘောကို သုတေသန လုပ်ငန်း တွေမှာ အသုံးပြုမှာ ဖြစ်သလို ဈေးကောင်းပေး ၀ယ်ယူ မယ့်သူ
ပေါ်လာရင်လည်း ပြန်လည် ရောင်းချ နိုင်တယ်လို့ ဆိုပါတယ်။
Ref : Techspacejournal
http://bit.ly/WBnMQN
မြ၀တီ

No comments:
Post a Comment