Monday, February 18, 2013

နိုင်ငံခြားသား ၇ ယောက် နိုင်ဂျီးရီးယားမှာ ပြန်ပေးဆွဲခံရ

Monday, February 18, 2013
နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းက လက်ဘနွန်လူမျိုး တယောက် ပိုင်ဆိုင်တဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ ဝန်းထဲကို သေနတ်သမားတွေ ဝင်ရောက်ခဲ့ပြီး လုံခြုံရေးအစောင့်တယောက်ကို သတ်ကာ နိုင်ငံခြား
အလုပ်သမား ၇ ယောက်ကို ဖမ်းဆီးခေါ်သွားပါ တယ်။ Bauchi ပြည်နယ် Jama'are မြို့မှာရှိတဲ့ Setraco ကုမ္ပဏီဝန်းထဲကို သေနတ်သမားတွေ ဝင်ရောက် စီးနင်းပြီး အလုပ်သမားတွေကို ပြန်ပေးဆွဲသွား တာလို့ ရဲက ပြောပါတယ်။ ဖမ်းဆီးခေါ်ဆောင်ခံ သွားရသူတွေထဲမှာ ဗြိတိန်၊ အီတလီ၊ ဂရိတို့အပြင် လက်ဘနွန်လူမျိုး ၄ ယောက် ပါဝင်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။



စနေနေ့ညဘက် ၉ နာရီလောက်တုန်းကလည်း အကျဉ်းထောင်တခုနဲ့ ရဲစခန်းတခုကို အဲဒီသေနတ် သမားတွေပဲ ဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့ လုံခြုံရေးတွေက တိုက်ထုတ်နိုင်ခဲ့တယ်လို့ Bauchi ပြည်နယ် ရဲတပ်ဖွဲ့ပြောခွင့်ရသူက ပြောပါတယ်။

သေနတ်သမားတွေ ဖမ်းဆီးသွားသူတွေဟာ အဲဒီဒေသထဲက လမ်းတခုကိုဖောက်ပေးနေတဲ့ အလုပ် သမားတွေ ဖြစ်ကြပါတယ်၊ အခုအချိန်အထိတော့ တိုက်ခိုက်ပြန်ပေး ဆွဲတာဘယ်အဖွဲ့ကလဲ ဆိုတာ မသိရသေး ပါဘူး။

ဗွီအိုအေ

No comments: