Thursday, February 28, 2013

ကိုလံဘီယာတွင် အမတော်ကြေးပိုပေးရေး ကော်ဖီစိုက်တောင်သူများ လမ်းပေါ်ထွက် ဆန္ဒပြ

Thursday, February 28, 2013
ကိုလံဘီယာနိုင်ငံ မက်ဒယ်လင်းမြို့အနီးမှ ကော်ဖီ စိုက်တောင်သူများသည် နိုင်ငံတကာ ကော်ဖီဈေး ကွက်တွင်ကော်ဖီဈေးနှုန်းများ ကျဆင်းမှုနှင့် ပြည် တွင်းရှိ ကော်ဖီစိုက် တောင်သူများအား အ မတော်ကြေး ပိုပေးရန် ယမန်နေ့ကနိုင်ငံတဝန်းရှိ မြို့များတွင် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကျြကြာင်း သိရသည်။ ကော်ဖီစိုက်တောင်သူများ၏ ယင်းသို့ ဆန္ဒပြမှုများကိုသမ္မတ ဟွမ်မန်နျူရယ်လ်ဆန်းတို့ စ် က မလိုအပ်သည့်လှုပ်ရှားမှုဖြစ်ကြောင်း ပယ်ချကာ ဆန္ဒပြမှုများ ရပ်ဆိုင်းကြရန် လည်း တောင်းဆိုခဲ့ သည်။



ဆန္ဒပြတောင်သူများသည် လမ်းမားပေါ်တွင် ရဲတပ်ဖွဲ့ နှင့် ထိပ်တိုက်တွေ့ ဆုံမှုများဖြစ်ခဲ့ပြီး အတိုက်အခံပါတီများက အစိုးရ၏ တောင်သူများ အကြပ်အတည်း ကိုင်တွယ်ဖြေရှင်း ပေးပုံ ညံ့ဖျင်းခြင်းကို အပြစ်တင်ခဲ့ကြသည်။

ကိုလံဘီယာသည် ကမ္ဘာ့ စတုတ္ထမြောက်အကြီးဆုံးကော်ဖီ စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး ကော်ဖီ တင်ပို့ မှုမှာ နိုင်ငံ၏ အဓိက နိုင်ငံခြားဝင်ငွေ ရရှိရာလည်ုးဖြစ်သည်။ သို့သော် ယမန်နှစ်က ကော်ဖီစိုက် ပျိုးထုတ်လုပ်မှုမှာ ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံးနှုန်းသို့ ကျဆင်းခဲ့ကာကော်ဖီ စိုက်ပျိုးရေးဝင်ငွေအပေါ် မှီခိုနေရသော တောင်သူမိသားစုဦးရေ တစ်သန်းခွဲခန့်အတွက် စားဝတ်နေရေး အခက်အခဲများဖြစ်ပေါ်စေ ခဲ့သည်။

ဆန္ဒပြတောင်သူများသည် လမ်းများကိုပိတ်ဆို့ထားကာတောင်းဆိုခဲ့ကြပြီး၊ ရဲတပ်ဖွဲ့ က ပိတ်ဆို့မှုများကို သည်းခံ မည်မဟုတ်ဟု ပြောခဲ့၍ အချို့ နေရာများတွင် ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့သည်။

အတိုက်အခံဘက်ကမူ အစိုးရအား ဆန္ဒပြသူများကိုအရေးယူခြင်း မပြုရန် တောင်းဆိုထားသည်။

သမ္မတ ဆန်းတို့ စ်က အစိုးရသည် ကော်ဖီစိုက်တောင်သူများ အတွက် ကော်ဖီ ၁၂၅ ကီလိုဂရမ်အတွက် အမတော်ကြေးပီဆို ၆၀,၀၀၀(၃၃ ဒေါ်လာ) ပေးထားပြီးဖြစ်ကြောင်း၊ ဆန္ဒပြကြခြင်းမှာ မလိုအပ်သည့် ၊အဆင်မပြေသည့် ကိစ္စဖြစ်ကြောင်းနှင့် မမျှတကြောင်း ဝေဖန်ခဲ့သည်။

ကိုလံဘီယာသည် ဘရာဇီး၊အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့နောက်တွင် ကမ္ဘာ့စတုတ္ထမြောက်ကော်ဖီထုတ် လုပ်မှု အများဆုံးနိုင်ငံအဖြစ် ရပ်တည် နေသည်။

Ref: BBC
The Myanma Age

No comments: