Thursday, February 21, 2013

သမ္မတဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်မှာ အင်မတန်မှ ရဲရင့်သော ဆုံးဖြတ်ချက် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ Cabinet Office and Paymaster General ၀န်ကြီး Mr. Francis Maude ကပြော

Thursday, February 21, 2013
မြန်မာနိုင်ငံ အနေဖြင့် ပွင့်လင်းသော အစိုးရ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( Open Government Partnership ) ၀င်ဖြစ်ရန်အတွက် ဘဏ္ဍာငွေ ရသုံးမှန်ခြေငွေ စာရင်းရှင်းတမ်းကို ပွင့်လင်းမြင် သာအောင်ဆောင်ရွက်ရန်နှင့် အစိုးရအဖွဲ့ နှင့် နိုင် ငံရေးပါတီများမှ အဆင့်မြင်ဝန် ထမ်းများ၏ပိုင် ဆိုင်မူ့ စာရင်းကိုပွင့်ပွင့်လင်းလင်းချပြ ဖို့ လိုတယ်ဟု ဗြိတိန်နိုင်ငံ Cabinet Office and Paymaster General ၀န်ကြီး Mr Francis Maude ကပြောသည်။ သို့ သော်၂၀၁၆ ခုနှစ်တွင် ပွင့်လင်းတဲ့အစိုးရပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( Open Government Partnership ) ထဲသို့  ပါဝင်ရန် နှင့်အဖွဲ့ ဝင်ဖြစ်ရန် သမ္မတဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်မှာ အင်မတန်မှ ရဲရင့်သော ဆုံးဖြတ်ချက် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ Cabinet Office and Paymaster General ၀န်ကြီး Mr. Francis Maude ကပြောသည်။



မကြာသေးခင်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော ၀န်ကြီး Mr. Francis Maude မှာ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် အပါဝင် ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်အမတ်များနှ င့်တွေ့ ဆုံခဲ့ပြီး Open Government Partnership အဖွဲ့ ဝင်နိုင်ငံဖြစ်ရန် ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။

7Day News Journal

No comments: