Tuesday, February 12, 2013

HIV နှင့် ပတ်သက်၍ သုတေသနရလဒ်သစ် တစ်ခုပေါ်ပေါက်

Sunday, February 10, 2013
အမေရိကန်သုတေသီများကခုခံအားဆဲလ်အချို့တွင် HIVကိုတိုက်ထုတ်နိုင်သောအာနိသင်ရှိကြောင်းတွေ့ ရှိခဲ့ သည်ဟုသိရသည်။အဆိုပါ အချက်သည်HIVပိုး ကို ကိုယ်ခန္ဓာမှတိုက်ဖျက်ရာတွင်အသုံးဝင်စေမည် ဟုလည်းဖော်ပြထားသည်။ယခုတွေ့ရှိသောဆဲလ်စ နစ်တွင် အစိတ်အပိုင်းနှစ်ရပ်ပါဝင်ကြောင်း၊ အင်ဇိုင်း စနစ်များ၊ DNAစနစ်များ ပါဝင်နေကြောင်း၊အဆိုပါ ဆဲလ်သည် အခြားခုခံအားဆဲလ်များ၏ DNA အတွင်းသို့ဝင်ရောက်နိုင်ပြီး HIVပိုးကို တိုက်ဖျက်နိုင် မည့် DNA recording system ကိုဖန် တီးနိုင်ကြောင်းကိုယခုသုတေသနကို ပြုလုပ်ခဲ့သော ဂျွန်ဟော့ ကင်း တက္ကသိုလ်မှ သုတေသီ များ ကပြောကြား ခဲ့သည်။



ယခုတွေ့ရှိမှုသည်ကိုယ်ခန္ဓာမှ HIV ကိုတိုက်ဖျက်ရာတွင်နည်းလမ်း သစ်တစ်ရပ်ဖြစ်လာနိုင်ကြောင်း၊မျိုး ဗီဇဆိုင်ရာကျွမ်းကျင်သူများ ၊ဇီဝဓာတု ဗေဒပညာရှင်များပူးပေါင်းလေ့လာမှု အရထွက်ပေါ်လာသောအသီး အပွင့် တစ်ရပ်ဖြစ်ကြောင်း၊ ဆဲလ်များအား ဗိုင်းရပ်တိုက်ဖျက်သည့်စနစ်ကိုပြောင်း လဲပေးနိုင်ပါက HIV ကူးစက်ခံထား ရပြီးသူများအတွက်မျှော်လင့်ချက်များ အကောင်အထည်ပေါ်လာနိုင်ကြောင်း ဂျွန်ဟော့ကင်း
တက္ကသိုလ်၊ ဆေးဝါးဗေဒ နှင့်မော်လီကျူးဆိုင်ရာဆေးပညာဌာန Dr. James Stivers ကပြောကြားခဲ့သည်။

ယခုလေ့လာမှုကို Johns Hopkins University မှထုတ်ဝေသော Biomedical Sciences Journal တွင်ဖော်ပြထားခြင်းဖြစ်သည်။

သက်ကို
Ref: IANS
Vol-2,No-6
Health Updates Journal

No comments: