Thursday, February 21, 2013
ပြည်ထောင်စု လွှတ်တော် နာယက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဗြိတိန် နိုင်ငံ၏ အစိုးရ အဖွဲ့ ရုံးဝန်ကြီး Rt. Hon Francis Maude ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား နေပြည်ေ တ်ာရှိ လွှတ်တော် အဆောက်အအုံ အမျိုးသား လွှတ်တော် ဧည့်ခန်းမ ဆောင်၌ လက် ခံ တွေ့ဆုံ သည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု လွှတ်တော် နာယက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က မြန်မာ့ နိုင်ငံရေး သ မိုင်းကြောင်းနှင့်မြန်မာ လွှတ်တော်များ ပေါ်ပေါက်လာမှု အခြေအနေ၊ မြန်မာ လွှတ်တော်၏ဆောင်ရွက် ချက်များနှင့် လွှတ်တော် ကိုယ်စားလှယ် များအား စွမ်းရည် မြှင့်တင်ရေး စီစဉ် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားပြီး နှစ်နိုင်ငံ လွှတ်တော် ကိုယ်စားလှယ် များနှင့် လွှတ်တော် ဝန်ထမ်းများ အပြန်အလှန် လေ့လာရေး ခရီး စေလွှတ်ရေး၊နှစ်နိုင်ငံ လွှတ်တော် နှစ်ရပ်အကြား လွှတ်တော် ဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာလွှတ်တော် စာကြည့်တိုက် အတွက် အကူအညီ ပေးေ ရး၊ မြန်မာလွှတ်တော် စာကြည့်တိုက်နှင့် ဗြိတိန် လွှတ်တော် စာကြည့်တိုက် တို့အကြား Network ချိတ်ဆက်ရေး တို့နှင့်စပ် လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌနှင့် အတူ အမျိုးသား လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒေါက်တာမြဦး၊ ဒေါက်တာမြင့်ကြည်၊ ဗိုလ်မှူးကြီးမောင်မောင် ထူး၊ ဒေါ်ခင်ဝိုင်းကြည်နှင့် လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ကြပြီး ဗြိတိန် နိုင်ငံ၏ အစိုးရ အဖွဲ့ရုံး ဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် အတူ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးလည်း တက်ရောက် ကြကြောင်း သတင်းရရှိသည်။
http://bit.ly/1361VGe
မြ၀တီ

No comments:
Post a Comment