Friday, February 22, 2013

SSA မြောက်ပိုင်းအဖွဲ့ အပစ်အခတ်ရပ်စဲရေးစည်းကမ်းချက်များကို မလိုက်နာသဖြင့် မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေကြောင်း မြန်မာ့တပ်မတော်မှ အရာရှိကြီးတစ်ဦးပြောကြား


ဝမ်ဟိုင်းဌာနချုပ်တွင် တွေ့ရသော SSA မြောက်ပိုင်းအဖွဲ့


ဝမ်ဟိုင်းတွင်အခြေပြုထားသော SSA မြောက်ပိုင်းအဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး စဉ် နှစ်ဦးသဘောတူထားသော စည်းကမ်းများအား လိုက်နာမှုမရှိသောကြောင့် အစိုးရစစ်တပ်နှင့် ထိတွေ့ပစ်ခတ်မှုများ ယခုရက်ပိုင်းအတွင်း မကြာခဏဖြစ်ပွားနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးမှ ပြောကြားခဲ့ပါသည်။“ SSA မြောက်ပိုင်းအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးလက်မှတ်ရေး ထိုး ကထဲက တပ်တွေရှိရမဲ့ နေရာတွေကို သတ်မှတ် ပေးထားပြီးဖြစ်ပါတယ်။ သူတို့အဖွဲ့တွေက သတ်မှတ်ပေးထားတဲ့နေရာမှာတင် မနေဘဲ နယ်မြေကျူးကျော်ပြီး စခန်းဆောက်တာတွေ လုပ်လာတယ်။
အဲဒီလိုကျူးကျော်ပြီး စခန်းတွေဆောက် လာတာကို တပ်ကဖယ်ပေးဖို့ တရားဝင်ပြောကြားတဲ့အချိန်မှာ လုံးဝ ဖယ်မပေးဘူး၊ အဲ့ဒါအပြင် နယ်မြေရှင်းလင်းရေးတာဝန်ထမ်းဆောင်နေတဲ့ မြန်မာစစ်တပ် စစ်ကြောင်းတွေကို မိုင်းထောင် တိုက် တာတွေ၊ ခြုံခိုတိုက်ခိုက်တာတွေလုပ်ဖို့ ကြိုးစားလာတယ်။ ဒါ့ကြောင့် ပစ်ခတ်မှုတွေအပြန် အလှန်ဖြစ်နေတာပါ။ ကချင်ပြီးလို့ ရှမ်းဘက်မှာ ထိုးစစ်ဆင်တယ်ဆိုတာ မဟုတ်ပါ ဘူး။ တပ်မတော်အနေနဲ့ ထိုးစစ်ဆင်ပြီး တိုက်နေတာ မရှိပါဘူး ” ဟု ပြောဆိုသွားသည်။
တန့်ယန်းမြို့နယ်ရှိ မုံဟင်ကျေးရွာနေ ပြည်သူတစ်ဦးမှ SSA မြောက်ပိုင်းအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် အကုန်ပိုင်း မှစပြီး တန့်ယန်းမြို့နယ်နှင့် မိုင်းကောင်မြို့အကြား လွယ်လန်းတောင်ကြောတစ်လျောက် စခန်းများ လာရောက် ဆောက်နေကြောင်း ၄င်းစခန်းများမှာ ယခင်ကမရှိကြောင်း ယခုနှစ်ဦးပိုင်းမှသာ လာရောက် စခန်း တည်ဆောက်နေကြခြင်းဖြစ်ကြောင်း၊ ၄င်းကဲ့သို့ ကျူးကျော်စခန်းဆောက်လုပ်ခြင်း မပြုရန် မြန်မာစစ်တပ်မှ တားဖြစ်သော်လည်း ဆက်လက် ဆောက်လုပ်နေသဖြင့် တိုက်ပွဲ များ ဖြစ် ပွားနေခြင်း ဖြစ်ကြောင်း Telephone မှ တစ်ဆင့် ပြောကြားသွားသည်။
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်ရယူ ထား သော်လည်း လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ တရားမ၀င် သစ်/သတ္တု လုပ်ငန်း များ ဆောင်ရွက် ခြင်း၊ လက်နက်ခဲယမ်းများ ဖြည့်တင်းဝယ်ယူခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။ လူသစ်စုဆောင်းခြင်း များပြုလုပ်လျက်ရှိရာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့တွင် ကွတ်ခိုင်မြို့ နယ်၊ တာပန်းကုန်းကျေးရွာ အနီးမှ လူသစ်စုဆောင်းခြင်းခံရသူ (၄၈)ဦးအား အစိုးရ စစ်ကြောင်းနှင့် ပြည်သူ့ စစ်အဖွဲ့များမှ တွေ့ရှိခဲ့ပြီး မိဘများထံသို့ ပြန်လည်အပ်နှံပေးနိုင်ခဲ့သည်။ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) အဖွဲ့မှ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင်လည်း နမ္မတူမြို့၊ ငွေရတနာမန်း ကားဂိတ် (၃)ဂိတ်အား ဆက်ကြေးကောက်ခံသွားခဲ့ပြီး ငွေမပေး ပါက ခရီးသည်တင်ယာဉ်များအား ပစ်ခတ်မည် ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲမဖြစ်မီ(၁)ပတ်အလို၌ လားရှိုးတိုင်းမှူးမှ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) လားရှိုးတာဝန်ခံ စိုင်းအောင်လတ် အား ခေါ်ယူပြီး လွယ်လန်း ဒေသတစ်လျှောက်တွင် စစ်စခန်းတိုးချဲ့တည်ဆောက်မှုများ ရှိနေ ကြောင်းနှင့် မိမိတို့စစ်ကြောင်းများ နယ်မြေ ရှင်းလင်းရာတွင် တိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် လွယ်လန်း တောင်မှတပ်များဖယ်ပေးရန် ပြောဆိုအသိပေး ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့အား အစိုးရမှ တရားဝင် သတ်မှတ်ပေးခဲ့သည့်နယ်မြေမှာ ၀မ်ဟိုင်း တွင်သာဖြစ်သော်လည်း နမ့်ပုတ်၊ နမ့်ဆမ်၊ မန်တုံ၊ မုံးဟင်၊ မုံးဟ ဒေသများသို့ နယ်မြေကျူးကျော် ၀င်ရောက် လာခဲ့ကြပြီး ယခုလွယ်လန်းတောင်ကြောတစ်လျှောက်တွင် အင်အား(၁၀၀)ကျော်ခန့်နှင့် လူနေတဲများ၊ပစ်ကျင်းများတူးဖော် ဆောက်လုပ်နေပြီး အခြေချစစ်စခန်းများပြုလုပ်ရန် လုပ်ဆောင်ေ နေ ကြာင်း သိရသည်။
အစိုးရမှ သက်ဆိုင်ရာဆက်ဆံရေးရုံးများသို့ တရားဝင်အကြောင်းကြား အသိပေးထားသော်လည်း ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှ လိုက်နာခြင်းမရှိသည့်အပြင် အပစ်အခတ်ရပ်စဲရေး သဘောတူ ညီ ချက် များကို ဖောက်ဖျက်ကျူးလွန်ပြီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော အစိုးရစစ်ကြောင်းများ အား စောင့် ကြိုတိုက်ခိုက် နေသည့်အတွက် ယခုကဲ့သို့ လွယ်လန်းတောင်ဒေသတွင် တိုက်ပွဲများဖြစ် ပွားနေခြင်းဖြစ်ကြောင်း တန့်ယန်းမြို့ ဒေသခံများထံမှ  သိရှိရသည်။

No comments: