Thursday, March 21, 2013

မိထ္ထီလာ ပဋိပက္ခ တိုးလာခြင်းမှာ နောက်ကြောင်း ပြန်လှည့်နိုင်ကြောင် ကိုမင်းကိုနိုင်ပြော

Wednesday, March 20, 2013
မိထ္ထီလာမြို့ဈေးကြီး အရှေ့ဘက် ရွှေဆိုင်တန်းရှိနယူး ဝိန့်စိန် ရွှေဆိုင်တွင် စတင်ဖြစ်ပွားသော ပဋိပက္ခများ ထပ်မံ တိုးပွားလာခြင်းနှင့် ပတ်သတ်၍ နိုင်ငံေ ရး နောက်ကြောင်းပြန်လှည့်သွားနိုင်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုမင်းကိုနိုင် က ပြောကြားသည်။ “စစ်အုပ်ချုပ်ရေးကို လက်ယ က်ခေါ်မိတဲ့ အပြုအမှုမျိုးတွေကို ရှောင်ကိုရှောင် ရမှာ။ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ဖြစ်လာရင် သုည ကို ပြန်ရောက်သွားလိမ့်မယ်” ဟု ၎င်းက ပြောကြား သည်။ရွှေဆိုင်တွင် ရောင်းသူနှင့် ၀ယ်သူအကြား ဖြစ် ပွားသော ပဋိပက္ခကြောင့် နောက်ဆက်တွဲ အဖြစ် ရွှေဆိုင် ၂ ဆိုင် ယနေ့ညနေ ပိုင်းက ဖျက်ဆီးခံလိုက်ရ ပြီးနောက်ပိုင်း ပိုမိုအခြေအနေ ဆိုးရွား လာကြောင်း ဒေသခံများကပြောကြားသည်။

ဒေသဆိုင်ရာ အုပ်ချုပ်ရေး ရဲဝန်ထမ်းများက ထိုကဲ့သို့ အဓိကရုန်းများ ဖြစ်ပွားနေခြင်းကို တားဆီးခြင်းမရှိဘဲ ရပ်ကြည့်နေကြသည့်အတွက် အဆိုပါ ကိစ္စရပ်မှာ မေးခွန်း ထုတ်စရာဖြစ်ကြောင်း ကိုမင်းကိုနိုင် က ပြောကြားသည်။

“ရဲတွေက မတားဆီးကြဘူး။ လူလုံးပြပြီး ရပ်ကြည့်နေကြတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာ မဟုတ်ဘူး။ အဓိကရုန်းဖြစ်နေတာ တားကြရလိမ့်မယ်” ဟု ၎င်းကပြောကြားသည်။



မိထ္ထီလာမြို့ နာရီစင် အနီးရှိ မှန်လုံဗလီ(ခေါ်) သီရိမင်္ဂလာဗလီ ရှေ့တွင် သံဃာတော်တစ်ပါး ဓါးဒါဏ်ရာဖြင့် ဆုံးပါးသွားကြောင်း နှင့် မည်သည့်ဘက်ဟု အတည်ပြု၍ မရသောဆေးရုံပေါ်တွင် လူနာ ၁၅ ဦးခန့် ရှိနေကြောင်း မိထ္ထီလာမြို့တွင်ရောက်ရှိနေသည့် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်က နှစ်ဘက် ဘာသာရေး ခေါင်းဆောင်များ ပြိုင်တူထိန်းကြရန်လိုအပ်နေကြောင်း တိုက်တွန်းပြောကြားသည်။

မိထ္ထီလာ ကားဝန်းရှေ့ရှိ မြို့နယ် ပညာရေးမှူးရုံး မီးလောင်သည့်အထဲတွင် ပါဝင်သွားပြီဖြစ်ကြောင်း နှင့် လက်ရှိအချိန်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ချက်ကို အသံချဲ့စက်များဖြင့် လိုက်လံ ကြေညာနေကြောင်း ဒေသ ခံများ၏ ပြောကြားချက်အရသိရသည်။

မြန်မာ့ခေတ်
The Myanma Age

No comments: