Friday, March 22, 2013
၁၅-၃-၂၀၁၃ရက်နေ့ ၁၆၃၀ အချိန် စာဘူးတော င်းကျေးရွာ အုပ်ချုပ်ရေးမှူးမှ ကျောက်ပုံ ကမ်းနား အနီး ငမိုးရိပ်ချောင်းအတွင်း အမည်မသိအမျိုး သားအလောင်း ၁ လောင်း တွေ့ရှိကြောင်း အေ ကြာင်းကြားခဲ့သဖြင့်လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ ၀င်များ သွားရောက်စစ်ဆေးခဲ့ရာ ၀ဲရင်အုံ၊ ယာရင် အုံ၊ ၀ဲနံကြား၊ ၀ဲလက်ပြင်တို့တွင် ထိုးသွင်းဒဏ်ရာ ၄ ချက်ဖြင့် သေဆုံးနေကြောင်း သိရှိရသဖြင့် လှည်းကူး ရဲစခန်း(ပ)၁၁၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
အမှုမှ သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်းနှင့် သတ်သူအားဖော်ထုတ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေ သကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက စုံစမ်းခဲ့ရာ လှည်းကူးမြို့နယ်၊ စာဗူးတောင်းကျေးရွာတွင် ယခင်က နေ ထိုင်ခဲ့ပြီး လွန်ခဲ့သော ၁၀ နှစ်ခန့်က မြ၀တီမြို့သို့ပြောင်းရွှေ့သွားသည့် အေးကို ဆိုသူသည် ၁၂-၃-၂၀၁၃ ရက်နေ့၊ နံနက်တွင်ရောက်ရှိလာခဲ့ကြောင်း၊ ၁၃-၃-၂၀၁၃ ရက်နေ့၊ နံနက်တွင် အေးကို၏သမီး ကစ်ကစ်နှင့် အမည်မသိအမျိုးသားတစ်ဦးတို့ ထပ်မံရောက်ရှိ လာခဲ့ကြောင်းနှင့် ၁၄-၃-၂၀၁၃ရက်နေ့တွင် အေးကိုနှင့် အမည်မသိ အမျိုးသားတို့မှာ ပြန်လည်ပျောက်ဆုံးသွားကြောင်း သတင်းရရှိခဲ့သည်။
သတင်းအရ ၁၈-၃-၂၀၁၃ရက်နေ့တွင် အေးကို၏ဖခင် ဦးမောင်အုန်း၊ ဇနီးဖြစ်သူ စန်းစန်းနွဲ့၊ သမီးဖြစ်သူ ကစ်ကစ်၊ ခယ်မဖြစ်သူ မိုးမိုးတို့အား စစ်ဆေးခဲ့ပြီး သေဆုံးသူ၏ဓါတ်ပုံအား ပြသမေးမြန်းခဲ့ရာ ကစ်ကစ်အား မဲဆောက်မြို့သို့ခိုး ယူသွားသည့် မြ၀တီမြို့နေ မျိုးဇော်ဦးဆို သူဖြစ်ကြောင်းနှင့် မျိုးဇော်ဦးမှာ မယားကြီးရှိ သူဖြစ်ကြောင်း၊ အေးကိုမှာလည်း နေအိမ်တွင် မရှိကြောင်း သိရှိရသည်။
၁၇၅၀ အချိန် မသင်္ကာဖွယ်ရှိသူ အေးကိုမှာ ရဲစခန်း၌ လာရောက် အဖမ်းခဲ့သဖြင့် စစ်ဆေးရာ အေးကိုသည် ၎င်း၏သမီးအား မယားကြီး ရှိလျက်နှင့် ခိုးယူပေါင်းသင်းခဲ့သည့် မျိုးဇော်ဦးအပေါ် မကျေမနပ်ဖြစ်ကာ ၎င်း၏ဇာတိဖြစ်သော လှည်းကူးမြို့နယ်၊ စာဗူးတောင်းရွာသို့ မင်္ဂလာ ကိစ္စဆွေးနွေးရန် အကြောင်းပြ ၍ ခေါ်ခဲ့ပြီး လှည်းကူးသို့ရောက်သောအခါ လူပြတ်သည့် ငမိုးရိပ်ချောင်းအနီးသို့ ခေါ်ဆောင်ကာ သတ်ပစ်ခဲ့၍ အလောင်းအား ချောင်းအတွင်းမျောခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သောကြောင့် သက်သေခံ ပစ္စည်းများ သိမ်းဆည်းကာ ထိုက်သင့်သည့်ပြစ်ဒဏ်ရရှိရေး ရဲတပ်ဖွဲ့မှဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
ရဲဇာနည်

No comments:
Post a Comment