Tuesday, March 19, 2013
အမေရိကန်တွင် မရိန်းတပ်ဖွဲ့ဝင် ၇ ဦး စစ်ရေးလေ့ ကျင့်မှု ပြုလုပ်စဉ်သေဆုံးသွားကြောင်း စစ်တပ် အ ရာရှိများက ပြောကြားသည်။နီဗားဒါးပြည်နယ် သဲ ကန္တာရအတွင်း ပြုလုပ်ခဲ့သော ကျည်ဆန်၊ လက်နက် အစစ်များ အသုံးပြုသည့် စစ်ရေးလေ့ကျင့်မှုအတွင်း မတော်တဆဖြစ် ရပ်ကြောင့် မရိန်းတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး အနည်းဆုံး ၇ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း NBC News တွင် ဖော်ပြသည်။ မတော်တ ဆဖြစ် ရပ်နှင့် ပတ်သက်၍ သတင်းဖော်ပြချက်များ ကွဲလွဲမှု ရှိနေပြီး သတင်းတစ်ခု၏ အဆိုအရ ၆၀ မီလီမီ တာ မော်တာလက်နက်ကို ပစ်ခတ်ရန်ပြင်ဆင်နေစဉ် မော်တာကျည်ဆန် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
တနင်္လာနေ့ညပိုင်းက ဟောသော်နီ စစ်ရေးလေ့ကျင့်စခန်းတွင် ညတိုက်ပွဲ စစ်ရေးလေ့ ကျင့်မှု ပြုလုပ် စဉ် ဒေသစံတော်ချိန် ည ၁၀း၀၀ တွင်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ် နယ်စပ်အနီးတည်ရှိသော ဟောသော်နီ စစ်ရေးလေ့ကျင့်စခန်းသည် ဧက ၁၄၇,၀၀၀ ကျယ်ဝန်းပြီး လက်နက်တိုက်နှင့် စစ်ရေးလေ့ကျင့်ကွင်းများ ပါဝင်ကြောင်း သိရှိရသည်။
Planet Myanmar Network

No comments:
Post a Comment