Saturday, March 16, 2013
နယူးဇီလန်အစိုးရသည် မြန်မာတွင် လိုအပ်နေသော လူမှုရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက်
ကူညီထောက်ပံ့မှုများ ဆက်လက် ပေးအပ်သွားမည်
ဖြစ်ကြောင်းနယူးဇီလန်ဝန်ကြီးချုပ်ဂျွန်ကီးက မြန်မာ
သမ္မတနှင့် တွေ့ ဆုံရာတွင် ပြောကြားခဲ့သည်။ ယ မန်နေ့က အောက်ကလန်မြို့တွင် သမ္မတဦးသိန်း စိန်နှင့် တွေ့ ဆုံခဲ့ပြီးနောက် ဝန်ကြီးချုပ်ဂျွန်ကီး ကမြန်မာသို့ပေးအပ်သောအကူအညီများ တွင် ငွေေ ကြး၊ ပညာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ စိုက် ပျိုးရေးကဏ္ဍကဲ့သို့သောနေရာများတွင်နည်းပညာပိုင်းထောက်ပံ့မှုများ ပါဝင်မည် ဟု ပြောကြားခဲ့သည်။
မြန်မာ့အခြေအနေနှင့်ပတ်သက်၍လည်း ဂျွန်ကီးကလူတိုင်းသည် သည်းညဉ်းခံနိုင်မှု အတိုင်းအတာတစ်ရပ်
လိုအပ်ကြောင်း၊အဘယ့်ကြောင့်ဆိုသော်မြန်မာတွင်ဖြစ်ပေါ်နေသောပြုပြင်ပြောင်းလဲရေးများသည်ထူးခြားေ ကြာင်း ဆိုသည်။
နယူးဇီလန်သည် ယမန်နှစ်က မြန်မာသို့ လူသားးချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် နို့နှင့်
နို့ထွက်ပစ္စည်းထုတ်လုပ်ရေး မွေး မြူရေးခြံတစ်ခုတည်ဆောက်ရန် ဒေါ်လာ ခုနှစ်သန်းထောက်ပံ့ခဲ့သည်။
နယူးဇီလန်သို့ အလည်အပတ်ရောက် ရှိနေသည့် မြန်မာသမ္မတကလည်း နယူးဇီလန်ဝန်ကြီးချုပ်နှ င့်ပြည်သူများအားမြန်မာသို့ ဆက်လက် ကူညီပေးမှုများအတွက် ကျေးဇူး တင်ရှိကြောင်း ပြန် လည်ပြောကြားခဲ့သည်။
Ref: Radio newszealand
Photo - president-office.gov.mm
The Myanma Age

No comments:
Post a Comment