Tuesday, March 19, 2013
နေရောင်ခြည်သည်အဆစ်အမြစ်ရောင် ရောဂါ ဖြစ် ပွားမှုအန္တရာယ်ကိုလျှော့ချနိုင်ဖွယ်ရှိသောကြောင့်ေ နရောင်ခြည်ပိုမိုရရှိသည့် နေရာဒေသများ၌ နေထိုင် သူများတွင် အဆိုပါ ရောဂါ ဖြစ်ပွားမှု လျော့ကျနိုင် ဖွယ် ရှိသည်ဟု အမေရိကန် သုတေသီများ က ပြော ကြားထားသည်။ သုတေသီ များသည် အမျိုးသမီး ၂ဝဝဝဝဝ ကျော်ကို စစ်ဆေးလေ့လာခဲ့ရာ နေေ ရာင်ခြည်နှင့် အဆစ်အမြစ် ရောင်ရောဂါ တို့အကြား ဆက်စပ်မှု ရှိကြောင်းနှင့် နေရောင်ခြည် အတွင်းရှိ ဗီတာမင် ဒီသည် ယင်းရောဂါ ဖြစ်ပွားမှု အန္တရာယ် ကို ကာကွယ် ပေးနိုင်ဖွယ် ရှိသည်ကိုတွေ့ရှိ ခဲ့ကြသည်။ သို့ရာတွင် အဆိုပါ ဗီတာမင် ရရှိရေးအတွက်နေပူ ထဲတွင် တစ်နေကုန် မနေထိုင် သင့်ကြောင်း ကျွမ်းကျင်သူများက သတိပေး ထားသည်။
အဆစ်အမြစ် ရောင်ရမ်း ကိုက်ခဲသည့် ရောဂါသည် ကိုယ်ခန္ဓာ အတွင်းရှိ ကိုယ်ခံအားက အဆစ်အမြစ် များကို တိုက်ခိုက်ခြင်းကြောင့်ဖြစ်ပွားရခြင်း ဖြစ်ပြီး အလွန်နာကျင် တတ်သည့် ရောဂါ တစ်မျိုး ဖြစ်သည်။
ဟားဗတ်ဆေးကျောင်းမှ သုတေသီ များသည် အမျိုးသမီးများ၏ နေထိုင်ရာ အရပ်ဒေသနှင့် ၎င်းတို့၏ နေေ ရာင်ခြည် လက်ခံရရှိမှု ပမာဏကို အခြေခံ၍နှစ်ပေါင်း သုံးဆယ်ကြာ လေ့လာ ခဲ့ရာ နေရောင်ခြည် လက်ခံ ရရှိမှု ပိုမို များပြားသူ အမျိုးသမီးများသည် အခြား အမျိုးသမီး များနှင့် နှိုင်းယှဉ်ပါက အဆစ် အမြစ်ေ ရာင် ရောဂါဖြစ်ပွားမှု အန္တရာယ် ၂၁ ရာခိုင်နှုန်း လျော့နည်းလျက် ရှိကြောင်း တွေ့ရှိ ခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် သုတေသီ များက စစ်ဆေး လေ့လာ ခဲ့သည့် အမျိုးသမီးများ အနက် ၁၃၁၄ ဦးတွင် အဆစ်အမြစ်ရောင် ရောဂါ ခံစားရသည့် လက္ခဏာများ ဖြစ်ပေါ်လျက် ရှိသည်ကို သုတေသီများကလေ့ လာေ တွ့ ရှိခဲ့သည်။
မြ၀တီ

No comments:
Post a Comment