Monday, March 25, 2013

အစိုးရအနေနဲ့ လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ဖို့ တောင်းဆို

Sunday, March 24, 2013
ကိုးကွယ်ယုံကြည်သူအမျိုးမျိုးစုပေါင်းနေထိုင်နေကြ တဲ့ မြန်မာနိုင်ငံမှာပြည်သူအားလုံး ချစ်ကြည် ငြိမ်း ချမ်း နေထိုင်ကြဖို့၊ အစိုးရအနေနဲ့ လုံခြုံရေးကိစ္စ တိုးမြှင့်ဆောင်ရွက်ဖို့ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့က ဒီကနေ့ သဘော ထား ကြေ ညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက် ချစ်ချစ်ခင်ခင် ပြန်လည်နေထိုင်ကြ ဖို့အတွက်ကြေ ညာချက်ထုတ်ပြန်ရတာဖြစ်ကြောင်း ဘာသာ ပေါင်း စုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ခရစ်ယာန်ဘာသာ အတွင်းရေးမှူးဒေါက်တာ\သာဥာဏ်ကRFAကိုပြော ပါတယ်။

" ယခုဖြစ်တာသာမာန်အရောင်းအဝယ် အငြင်းပွားမှုပဲလေ အဲ့ဒါဘာသာရေး အထိနွယ်သွားစရာ အကြောင်းမရှိဘူး၊ အဲ့လိုမဖြစ်အောင် အတူသော ဘာသာဝင်တွေက ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ပဲ၊ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ၊ ဘာကြောင့် တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေချင်နေရတာလဲ အဲ့ဒီအဓိအကြောင်းအရင်းကို ရှာဖို့ ကြိုးစားပါမယ်"

ဘာသာပေါင်းစုံက ခေါင်းဆောင်တွေပါဝင်တဲ့ အဲဒီထုတ်ပြန်ကြေညာချက်မှာ အစိုးရဘက်က နှစ်ဖက်ပြည် သူ တွေရဲ့ လုံခြုံရေးကို ထားရှိဖို့၊ ဒီကိစ္စတွေရပ်တွေကို ဥပဒေကြောင်းအရ စစ်ဆေးအရေး ယူဆောင် ရွက်ပေးဖို့၊ ပြည်သူလူထုအနေနဲ့ မေတ္တာကို အခြေခံပြီး ငြိမ်းချမ်းစွာနေထိုင်ဖို့၊ မလိုလားအပ်တဲ့ ပဋိပ က္ခတွေမှာ မပါဝင်ကြ ဖို့နဲ့ ဥပဒေမဲ့ လုပ်ရပ်တွေမှာလည်း မပါဝင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

RFA

No comments: