Thursday, March 28, 2013
ရန်ကုန်မြို့ မဟာဗန္ဓုလ လမ်းနှင့် သိမ်ဖြူ လမ်းထောင့်ရှိ YMCA ၌ မဇ္ဇျိမလူငယ်အဖွဲ့အစည်း အပါအဝင် အခြား ဘာသာစုံလူငယ် အဖွဲ့အစည်း အချို့မှ ပူးပေါင်း၍ ဘာသာရေးခေါင်းဆောင် အချို့ အား ဖိတ်ကြားကာ လက်ရှိဖြစ်ပွားနေသည့် ပဋိပ က္ခများနှင့် စပ်လျဉ်း၍ ဆုတောင်းပွဲတစ်ခုကို ယနေ့ မတ်လ ၂၈ရက်နေ့တွင် ပြုလုပ်ကြောင်း သိရသည်။ “ဒီပွဲလုပ်ရတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ လူ ငယ်တွေအနေနဲ့ ဒီပဋိပက္ခကို မလိုချင်လို့ အခုလိုမျိုး ဆုတောင်းပွဲ လုပ်ရတာဖြစ်ပါတယ်။ ဒီလို မျိုးကိစ္စကို အခုအချိန်မှာ လူငယ်တွေတောင်မှပဲ မလိုချင်တော့ တဲ့ အခြေအနေ ဖြစ်နေပါတယ်။ ပြီးတော့ နိုင်ငံရဲ့ Factor သုံးခုကိုလည်း ထိ ခိုက်စေပြီး တိုးတက်ရေး လမ်းကြောင်းကိုလည်း နှောင့်နှေးစေတဲ့အတွက် အခုလိုမျိုး ကျင်းပရတာဖြစ်တယ်” ဟု မဇ္ဇျိမလူငယ်အ ဖွဲ့အစည်းမှ ကိုမင်းဇော်ဟန်က ပြောကြားသည်။
ယခုကဲ့သို့ ဆုတောင်းပွဲများအား အခြားမြို့နယ်များသို့လည်း သွားရောက်ပြုလုပ်မည်ဖြစ်ပြီး ယင်းသို့ပြု လုပ်ခြင်းနှင့် ပတ်သက်၍လည်း မည် သည့်အဖွဲ့အစည်းဆီကမှ ထောက်ပံ့ကြေးများယူ ၍ ပြုလုပ်ခြင်း မဟုတ်ဘဲလူငယ်အဖွဲ့အစည်းများ၏ ငွေကြေးများဖြင့်သာ ပြုလုပ်ခြင်း ဖြစ် ကြောင်းနှင့် ယင်းပဋိပက္ခ များကြောင့် နိုင်ငံနောက်ကြောင်းပြန်ရမည့် အခြေအနေမျိုး မဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။
“အခုလုပ်တာက အေးချမ်းဖို့လုပ်တာ ဆိုတဲ့အတွက် ဘာပဲပြောပြော အင်မတန် ကောင်းတယ်လို့ ယူဆပါတယ်။ အခုအခြေမှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်ပြီးတော့ ပြဿနာဖြစ်စေမယ့် အသုံးအနှုန်းကိုရှောင်ရင် အကောင်းဆုံးပါပဲ။ အိမ်နီးနားချင်းတွေ လိုမျိုးပေါ။့ တဖက်အိမ်က ဖျားပြီဆိုရင် အိမ်နီးချင်း တစ်ဖက်အိမ်က ထပ်တူထပ်မျှ ခံစားပြီးတော့ ကူညီပေးရတာ သဘာဝပဲ” ဟု အဆိုပါ ဆုတောင်းပွဲသို့ ဆုတောင်းပွဲ သို့ တက်ရောက်လာသည့် ခရစ်ယာန်ဘာသာဝင် သိက္ခာတော်ရ ဆရာတော် ဦးမြင့်လွင်က ပြောကြားသည်။
အဆိုပါ ဆုတောင်းပွဲအား မွန်းလွှဲ ၂နာရီထိုးမှ စတင်ပြုလုပ်ကာ ဘာသာရေးခေါင်းဆောင်များဖြစ်သည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာတို့မှ ပူးပေါင်း ပါဝင်တက်ရောက်ကာ နိုင်ငံတော်အလံကို အလေးပြုခြင်းနှင့် ဆုတောင်းခြင်း များတို့အား ပြုလုပ်ခဲ့ကြောင်း သိရသည်။
The Myanma Age

No comments:
Post a Comment