Monday, March 25, 2013

မိတ္ထီလာမြို့ရှိ မီးလောင်သွားသောအိမ်များ ပြန်ဆောက် ပေးမည်ဟု ဝန်ကြီးဦးအောင်မင်း ပြောကြား

Sunday, March 24, 2013
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းေ က်ာမတီ ဒုတိယဥက္ကဌနှင့် သမ္မတရုံးဝန်ကြီှးှ ဌာ န ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မိတ္ထီ လာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များေ ကြာင့်မီးလောင်ဆုံးရှုံးခဲ့သောလူနေအိမ်များကို ပြန် လည်ဆောက်လုပ်ပေးသွားမည်ဟု ယနေ့မနက်တွင် မိတ္ထီလာမြို့ ခရိုင်အားကစားကွင်းရှိ ကယ်ဆယ်ရေး စခန်းသို့ရောက်ရှိစဉ်မီဒီယာများသို့ ပြောကြားသည်။ “အဓိက ကတော့ နဂို အနေအထားအမှန် ရောက်ေ အာင် ပြန်လုပ်မယ်၊ နဂို အနေအထားအမှန် ဆိုတာ က နဂိုတုန်းက ငြိမ်းငြိမ်းချမ်းချမ်း နဲ့ နေကြထိုင်ကြ စားကြသောက်ကြ လုပ်ကြကိုင်ကြ။ အဲပုံစံအ တိုင်းဖြစ်အောင် ပြန်လုပ်ပေးမှာ၊ မီးလောင်သွားတဲ့ အိမ်တွေကိုလည်း ပြန်ဆောက်ပေးရမှာပေါ့” ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီး ဦးအောင်မင်းသည် မြန်မာနိုင်ငံတွင် ရောက်ရှိနေသောကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား၊ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒတို့နှင့်အတူ မိတ္ထီလာမြို့သို့ယနေ့မနက်တွင်ရောက် ရှိသွားခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး တို့နှင့်အတူ မိတ္ထီလာမြို့ ခရိုင်အားကစားကွင်း၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် သာသနဝေ ပုလ္လကျောင်းတိုက်ရှိ ယာယီကယ်ဆယ်ရေးစခန်းများမှ ဒုက္ခသည်များအား သွားရောက်တွေ့ဆုံ ခဲ့ခြင်းဖြစ်သည်။



မိတ္ထီလာမြို့တွင် မတ်လ(၂ဝ)ရက်နေ့နှင့် (၂၁)ရက်နေ့တို့တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်ကြောင့် သေ ဆုံးသူ (၃၂)ဦးရှိခဲ့ပြီးအကြမ်းဖက် ဖျက်ဆီးမှုနှင့် မီးလောင်မှုများကြောင့် ဒုက္ခသည်စုစုပေါင်း (၉၆ဝဝ)ကျော် ကို ယာယီ ကယ်ဆယ်ရေးစခန်းများတွင်နေရာချထားလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ မတ်လ (၂၃)ရက်နေ့ ည(၈)နာရီ သတင်းတွင် ဖော်ပြခဲ့သည်။

ထက်နောင်နောင်
The Myanma Age

No comments: