Thursday, March 21, 2013

သင်္ကြန်တွင်း ယာဉ်စီးခများပိုမိုတောင်းခံပါကတိုင်ကြားလျှင် အရေးယူမည်

Wednesday, March 20, 2013
သင်္ကြန်ရက်အတွင်း ယာဉ်စီးခနှုန်းထားများ ပိုမိုေ ကာက်ခံသည်ဟု တိုင်ကြားလာ ပါကအရေး ယူ သွားမည်ဖြစ်ပြီးတိုင်ကြားခြင်း မရှိပါက ပိုကောက်ေ သ်ာလည်းအရေးယူ၍ မရကြောင်း မထသ(ဗဟို)မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ “ကျွန်တော်တို့ ကတော့ ယာဉ်စီးခတွေကို ပိုမတောင်းခိုင်းပါဘူး။ ယာဉ်လိုင်း အားလုံး ပုံမှန်အတိုင်းပဲ ယာဉ်စီး ခ တောင်း ရမယ်ဆိုတဲ့ စာကိုလည်းသင်္ကြန်ရက် မတိုင်ခင် ထုတ်ပြန်ပေးသွားမှာပါ” ဟု မထသ(ဗဟို) မှ အတွင်းရေးမှူးဦးဘမြင့်က ပြောကြားသည်။

သင်္ကြန်ရက်များတွင် ယာဉ်စီးခများ ပိုမိုမတောင်းခံရန် တားမြစ်ထားသော်လည်းဘာသာရေးပွဲတော် ကျင်းပချိန်ဖြစ်သည့်အတွက် တင်းတင်းကျပ်ကျပ်တားမြစ်ရန်မှာမဖြစ်နိုင်ကြောင်း၊ သင်္ကြန်ရက်များ တွင် မော်တော်ယာဉ်များမထွက်ပါက လိုင်းကားစီးကာ လည်ပတ်လိုသည့် ခရီးသည်များအတွက် အခက်အခဲဖြစ်နိုင်ကြောင်း၊ ယင်းကာလအတွင်း ထွက်သည့် ကားများ၏ပျက်ဆီးဆုံးရှုံးမှုများအတွက်ကားခ ပိုမိုတောင်းခံခြင်း ဖြစ်နိုင်ကြောင်းမထသ(ဗဟို)မှ ဒုဥက္ကဌ ဦးလှသောင်းမြင့်က သုံးသပ်ပြောကြားသည်။



“ကျွန်တော်ကတော့ သင်္ကြန်ရောက်တိုင်း လမ်းလျှောက်လိုက် ကားတက်စီးလိုက်လုပ်နေကြပဲ။ ကားခက ပုံမှန်ထက် နှစ်ဆတော့ ပေးရတယ်။ ရန်ကုန်မှာ ဒါကထုံးစံလိုဖြစ်နေပြီ။ သိပ်မထူးဆန်းတော့ပါဘူး” ဟု အသက် ၂၆ နှစ်အရွယ်ရှိကိုရန်နိုင်က ပြောကြားသည်။

ယင်းကဲ့သို့ ယာဉ်စီးခ ပိုမိုကောက်ခံခြင်းကို တိုင်ကြားလာမည်ဆိုပါက ဒဏ်ငွေ၃၀၀၀၀ ကျပ်တိ တိ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ယခင်နှစ်များကအရေးယူတိုင်ကြားမှုများ ရှိခဲ့သော်လည်း အနည်း ငယ်မျှသာ ဖြစ်ကြောင်းသိရသည်။

ရည်မွန်
The Myanma Age

No comments: