Sunday, March 24, 2013
မတ္ထီလာမြို့၊ လယ်ဝေးမြို့နယ် ရုံးပင်ကျေးရွာ၊ ရမည်း သင်းမြို့နယ် ရွာတန်းကျေးရွာနှင့် ရွှေဒါး သာစည် ကျေးရွာ တို့၌ ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်း ဖက်မှုများတွင် ပါဝင်ခဲ့သည့်ဟု ယူဆရသူ အချို့အားမြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထိန်းသိမ်း ထား ရှိကြောင်း သိရှိရသည်။ မိတ္ထီလာမြို့၌ ဖြစ်ပွားခဲ့ သည့် ဆူပူအကြမ်းဖက်မီးရှို့ ဖျက်ဆီးမှုတွင် ပါဝင် ခဲ့သည်ဟု ယူဆရသူ သန်းဝင်း (၁၈)နှစ် ၊ သန်း ထွန်းအောင် (၃၀)နှစ်၊ သန်းထိုက်စိုး (၃၈)နှစ် ၊ ကျော်စွာလှိုင်(၃၂)နှစ် ၊ အောင်မျိုး (၂၅)နှစ် ၊ ညီညီကျော် (၂၇)နှစ် ၊ မောင်ညို (၅၀)နှစ် ၊ အောင်နိုင်ဝင်း (၁၈)နှစ်၊ စိုးသူအောင် (၁၈)နှစ်၊ တင်အောင် (၃၂)နှစ် ၊ ဝင်းဇော် (၃၆)နှစ်၊ လှထွန်းမြင့်(၂၉)နှစ်၊စံလင်း (၂၀)နှစ်တို့(၁၃)ဦးအား မိတ္ထီလာ မြို့နယ် မြို့မ ရဲစခန်း၌ မတ် (၂၂) ရက်မွန်းလွဲပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ တုတ်၊ ဒါးလက်နက် ကိုင်ဆောင် လာခဲ့သူ အခြား (၅၂) ဦးအား ခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ လယ်ဝေးမြို့နယ် ရုံးပင်ရွာ၌ ဖြစ်ပွားခဲ့သည် ဆူပူအကြမ်းဖက် မီးရှို့ဖျက်ဆီးမှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ ဝင်းလှိုင် (၄၉)နှစ်၊အောင်ဆန်းဦး (၄၈)နှစ်၊ လှိုင်းဝင်း(၄၆)နှစ်၊ ကျော်စိုး (၃၅)နှစ်၊ တင်ယုလှိုင် (၃၅)နှစ်တို့ (၅) ဦးအား မတ်(၂၃) ရက် နံနက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သည်ဟု သတင်းရရှိသည့် အောင်နိုင်ဆွေ၊ အေးလွင်၊ စိုးလွင် ၊ အောင်လှိုင်၊ ကိုရဲ၊ မောင်ထွေး၊ ကိုပြုံး၊ နိုင်စိုးအောင်၊ အောင်နိုင်နှင့် သန်းထွန်းတို့ (၁၀)ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အလားတူ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာနှင့် ရွှေဒါးသာစည်ကျေးရွာတို့၌ ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်း ဖက်မီးရှို့ ဖျက်ဆီးမှုတွင် ပါဝင်ခဲ့သည့်ဟု ယူဆရသူ နိုင်သူ (၂၂) နှစ်၊ အောင်မျိုးလွင်(၂၂)နှစ်၊ မှိုင်းကြီး (၂၂)နှစ် ၊ ဖိုးဇော် (၃၅)နှစ် ၊ ဝင်းမိုး(၂၅)နှစ်၊ အောင်နန်းတင် (၂၃)နှစ် ၊ မိုးကောင်း (၂၃)နှစ်၊ မြင့်သိန်း (၄၀)နှစ်၊ နိုင်လင်း (၁၈)နှစ်၊ မျိုးမြင့်အောင် (၂၉)နှစ်၊ ဘိုရှိုင်း(၁၅)နှစ်၊ လှဦး (၄၀)နှစ်၊ တင်အောင် (၄၅)နှစ် ၊ မျိုးဇော်ထွန်း (၂၁) ၊ ဇေယျာမောင်မောင်(၁၈)နှစ်၊ သန်းဇော်(၃၉)နှစ်၊ နန်းမျိုးအောင်(၁၈)နှစ်တို့ (၁၇) ဦးအား မတ်လ(၂၄) ရက် နံနက် (၂)နာရီခွဲတွင် ရမည်းသင်းရဲစခန်း၌ ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း သိရသည်။
တရားဥပဒေ စိုးမိုးရေးအတွက် အဆိုပါ ထိန်းသိမ်းထားသူများအား ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
(သတင်းစဉ်)
ပြန်ကြားရေးဝန်ကြီးဌာန
http://www.ministryofinformation.gov.mm/index.php/news/local-news/2416-2013-03-23-20-04-58.html

No comments:
Post a Comment