Thursday, March 21, 2013

Google ဥက္ကဌနှင့် တွေ့ဆုံပွဲ လူဦးရေ ကန့်သတ်

Wednesday, March 20, 2013
မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည့် Google ဥက္ကဌနှင့် တွေ့ဆုံမည့် အခမ်းအနားသို့ တက်ရောက်နိုင်သည့်လူဦးရေကန့်သတ်သွားမည် ဖြ စ်ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားအား လာမည့် မတ်လ (၂၂) ရက် နံနက် ၉ နာရီအချိန်တွင် MICT Park အစည်းအဝေးခန်းမ၌ ကျင်းပ မည်ြ ဖ စ်ပြီး လူဦးရေ (၃၀၀)ခန့်သာ ၀င်ရောက်ခွင့် ပြုသွား မည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ သိ ရသည်။

“ခန်းမထဲမှာ မိုးတိုးမတ်တပ်ရပ်ပြီး ကြည့်တာမျိုးကိုတော့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်သူ့ကိုမှ ၀င်ခွင့်ပြုတယ်ဆိုပြီး ကန့်သတ် ထားမှာမျိုး မရှိပါဘူး၊ စောစော စာရင်းသွင်းပြီး ခန်းမထဲမှ ထိုင်ခုံအရှိပဲ လက်ခံထားသွားမှာပါ” ဟု မြန်မာကွန်ပျူတာ အသင်းချုပ်မှဒေါ်ချောခင်ခင်က ပြောသည်။

သို့သော် ခန်းမထဲသို့ ၀င်ရန် ဖြတ်သန်းရမည့် အခန်း (lobby)နှင့် မြက် ခင်းပြင်နေရာများ၌ ပရိုဂျက်တာဖြင့် ဗီဒီယိုတိုက်ရိုက်ပြထားမည် ဖြစ်ပြီး ခန်းမသို့ ၀င်ခွင့်မရသည့်သူများအတွက် ထိုင်ခုံများ ခင်းကျင်းပေးထား မည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ နေ့၌ အမေရိကန် သံအမတ်ကြီးမှ အဖွင့် နှုတ်ဆက် စကားပြောကြားပေးသွားမည် ဖြစ်ပြီး Google ဥက္ကဌ Mr. Eric Schmidt နှင့် အဓိကအနေဖြင့် အင်တာနက်ဖြင့် တိုင်းပြည်တိုးတက်မှုများ မည်ကဲ့သို့ လုပ်ဆောင်နိုင်မည် ဖြစ်သည့် ကိစ္စများအား ဦးစားပေးဆွေးနွေး မည် ဖြစ်သည်။ ထို့အပြင် လူငယ်ေ ခါင်းဆောင် (၅)ဦးခန့် နှင့်တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခြင်း ကဏ္ဍပါဝင်မည် ဖြစ်ကြောင်း သိရသည်။

သုတလင်း
Popular Myanmar News Journal

No comments: